Reopening schools ကျောင်းဖွင့်ချိန်

ယူအက်စ်အေ အင်ဒီအာနာပြည်နယ် အင်ဒီအာနာပုလစ်မြို့က ကျောင်းတွေ ပြန်ဖွင့်ရက် ပြန်ဖွင့်မဲ့ အစီအစဉ်တွေ မတူကြပါ။ အပ်ဒိတ် ခေါ် နောက်ဆုံးရသတင်းကလည်း နေ့တိုင်း ပြောင်းနေတယ်။

ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ ခရစ်စတယ်လ်ဟောက်စ် ဒိုးစ်ကျောင်းက ဆရာတွေက လာမဲ့ကြာသပတေးနေ့က စတက်ရမယ်။ ကျောင်းသားတွေက သြဂတ်စ်လ ၅ ရက်ကနေ ၁၂ ရက်ရွှေ့လိုက်တယ်။ အခု နောက်ဆုံးသတင်းက ကျောင်းသားတွေက ပုံမှန် ၄ ရက်အစား ၁ ရက်သာ ကျောင်းကိုလာရမယ်။ အဲဒါလည်း အလှည့်ကျ။ ကျန် ၃ ရက်မှာ ဗာကျူရယ် ခေါ် ကွန်ပြူတာနဲ့ အိမ်ကနေ စာသင်ယူကြရမယ်။

ဘာပြောင်းဦးမလဲ ပြောမရ။ ရောဂါအပေါ် မူတည်တယ်။

တခြားကျောင်းတွေလည်း တမျိုးတမျိုးစီ မတူကြပါ။

အဆုံးအဖြတ်ကို ဒေသအလိုက် လုပ်ရတယ်။ ဒေသတွေမှာ ရောဂါဖြစ်တာလည်း မတူ။ လုပ်ပိုင်ခွင့်လည်းရှိတယ်။ ဘာမဆို ပရော်ဖက်ရှင်နယ် ခေါ် သက်ဆိုင်ရာပညာပိုင်းအသိပညာပြည့်ကြရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး