ပြည်ပြေးတယောက် ဟိုရောက်သည်ရောက်

ရွေးကောက်ပွဲကြီးနီးလာပြီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘူးလား ဆရာ တဲ့။

ဘယ်လိုကဘယ်လို မကြာခဏ တင်ပြထားပါတယ်။ ထပ်မရေးလိုတော့ပါ။ အချုပ်တော့ ပြည်တွင်းမှာမနေသူ ရွေးကောက်ပွဲ ဝင်ခွင့်မရှိ။

၁၉၉ဝ ခုနှစ် နိုဝင်္ဘာလ ၂၇ ရက်နေ့ညမှာ ပုလဲမှာရှိတဲ့ကျွန်တော့်နေအိမ်ကို စစ်အစိုးရလူတွေက လာဖမ်းကြပါတယ်။ ကျွန်တော်က ထွက်ပြေးပြီး ပြည်တွင်းမှာ ပုန်းနေတယ်။ ပုန်းနေတဲ့နေရာရောက်အောင် မိသားစုက သတင်းစာတစောင် ပို့ပေးတယ်။ သတင်းစာကျောဖုံးမှာ တရားခံပြေးတဲ့။

• လမ်းလျှောက်ရင်းပြေး တရားခံပြေး၊
• မတ်တတ်ရပ်ရင်းပြေး ဒို့အရေး ဒို့အရေး၊
• ထိုင်နေရင်းလည်းပြေး အနာဂတ်ရေး၊
• ပြေးနေရင်းလည်းမပြေး တိုင်းရေးပြည်ရေး၊
• အိပ်နေရင်းလည်းပြေး သံသရာအရေး။

ကျွန်တော်သည် သံသရာမှာပြေးနေသူသာဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး