Amylase အမိုင်းလေ့စ် ဆိုတာဘာလဲ

အကူညီတောင်းပါတယ်ဆရာ ကျန်းမာရေးဗဟုသုတကမရှိတော့ amylase အကြောင်းမသိလို့ပါ ဆရာအဆင်ပြေတဲ့အချိန် ကျေးဇူးပြုပြီးကူညီပေးပါ။

Amylase အမိုင်းလေ့စ် ဆိုတာ အစာချေအင်ဇိုင်းတမျိုးဖြစ်တယ်။ Carbohydrates ခေါ် ကဇီဓါတ်ကို ကျေချက်ပေးတယ်။ သရက်ရွက်၊ အသဲနဲ့ အူသိမ်တွေထဲမှာ အများကြီးရှိတယ်။ Pancreas ခေါ် သရက်ရွက်နဲ့ salivary gland ခေါ် တံတွေးအိတ်ကနေ ထုတ်ပေးတယ်။ amylase (alpha amylase) ခေါ်တယ်။ starch ခေါ် ကော်ဓါတ်ကို disaccharides နဲ့ trisaccharides တွေဖြစ်စေတယ်။ တခြားအင်ဇိုင်းမ်တွေနဲ့အတူ glucose ဂလူကို့စ်ဖြစ်လာစေတယ်။ အဲတာဟာ energy ခေါ် စွမ်းအင်ဖြစ်တယ်။ အစားအစာတွေဟာ သွားရည်နဲ့တွေ့ကတည်းက amylase ကြောင့် ကျေချက်မှု စတင်တယ်။ amylase များနေရင် Acute pancreatitis ခေါ်ရုတ်တရက်သရက်ရွက်ရောင်နေတာဖြစ်မယ်။ ပုံမှန်အားဖြင့် 23-85 units per liter (U/L) ရှိရတယ်။ 140-160 U/L အထိများတာကိုလည်း ပုံမှန်သတ်မှတ်တာရှိတယ်။

Pancreatitis သရက်ရွက်ရောင်ခြင်း https://doctortintswe.blogspot.com/2016/11/pancreatitis.html
Pancreas သရက်ရွက် https://doctortintswe.blogspot.com/2017/01/pancreas.html
Pancreatic cancer သရက်ရွက်ကင်ဆာ https://doctortintswe.blogspot.com/2015/02/pancreatic-cancer.html

ဒေါက်တာတင့်ဆွေ
၂၁-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး