ကောက်စိုက်ချိန်

ရွှေမိုးမင်းက မလင်းတလင်း
တို့လယ်ပြင်က ပျိုးပင်ခင်း
ပျိုလေး ကောက်စိုက်ဆင်း။

ရွှေမိုးမင်းက မညို့တညို
သီချင်းသီသံချို။

ညောင်ညိုပင်က သံစုံချွဲ
တေးငှက် ရွှေလည်နွှဲ။

ရွှေရောင်တွဲနှင့် ပျိုတို့လူ
ပျိုလေးချစ်တဲ့သူ။
ကူလှာပါနှင့် ပျို့ကောက်ရေး
မွေးမေဆိုမယ်လေး။ (နုယဉ်)

ဟိုတချိန်ကတော့ ကဗျာတွေနုပြီး သတ်ပုံတွေက ယဉ်ခဲ့တယ်။ ခုခေတ်သတ်ပုံတွေက တစ်လင်းတဲ့၊ တစ်ညို့တဲ့။ ကြမ်းရိုင်း။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၂၀
ပုံပို့ပေးသူ ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး