စွဲ နှင့် ဆွဲ

တပ်စွဲထားသောလို့ ရေးသင့်

၁။ သူငယ်ချင်းနဲ့ ငြင်းနေတာဆရာ ကျွန်တော်က (အထုပ်ဆွဲ) သူက(အထုပ်စွဲ) အဖြေမှန် သိချင်လို့ ကျေးဇူးပါဆရာ။

အကိုက်အခဲပျောက်ဆေးထုပ် စွဲနေသည်။ အပြန်မှာ ခေါက်ဆွဲတထုပ် ဆွဲခဲ့ပါ။

၂။ ဆရာရှင့် ကျေးဇူးပြု၍ စွဲ နှင့် ဆွဲ ကိုလဲ ခွဲခြား ရှင်းပြ ပေးပါလားရှင်။ ယခု face book မှာ တော်တော်များများ မှားနေကြပါတယ်။

ဆွဲဆောင့် ပစ်ချင်တယ်အစား စွဲဆောင့်၊ စွဲလမ်းအစား ဆွဲလမ်းလို့ရေးနေကြပါတယ်။

၃။ ဆရာရှင့် အသက်က ၂၇နှစ်ပါ။ ဆေးကို အကြာကြီးဆွဲသောက်သင့်ပါသလား။

ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း စွဲစွဲမြဲမြဲသောက်ပါ။ အချိန်မဆွဲပါနှင့်။

၎။ ကြိုက်တဲ့အစာတွေ့တော့ စွဲပြီ။

သည်ဆိုင်ကအစားအစာတွေကို စွဲနေပြီ။ ဘန်းစကားဆိုရင် စားတော့မယ်ကို ဆွဲပြီ။

စွဲ
စွဲချက်တင်
စွဲစွဲမြဲမြဲ
စွဲငြိနေပြီ
စွဲလန်း
စိတ်ထဲမှာစွဲနေ
တပ်စွဲထားသည်
တရားစွဲ
ဘာသာရေးအစွဲ
အတပ်စွဲသည်
အသည်းစွဲ
ဆေးစွဲနေသည်
ရောဂါစွဲကပ်နေသည်
နိုင်ငံရေးအစွဲ

ဆွဲ
ဆွဲ၍လိမ်သည်
ဆွဲကိုင်သည်
ဆွဲချိတ်ရှိသလား
ဆွဲချိန်ခွင်
ဆွဲချိုင့်နဲ့ ထမင်းဝယ်လာ
ဆွဲငင်သည်
ကမ္ဘာမြေကြီးဆွဲငင်အား
ဆွဲကြိုးချသေဆုံး
ဆွဲကြိုးတန်ဆာ
ဆွဲမီးအိမ်
ဆွဲခြင်းနဲ့ ဈေးသွား
ဆွဲဖြတ်သည်
ဆွဲအံ (အံဆွဲ)
တုတ်ဆွဲ ဓါးဆွဲ
မီးပုံးဆွဲထားသည်
အချိန်ဆွဲနေသည်
အုန်းသီးဆွဲထားသည်

မှိုင်းစွဲနေတဲ့ လက်ဆွဲမီးအိမ်ကို ချိတ်ဆွဲထားသည်။
တပ်စွဲထားသည်။ စစ်ပွဲကို အချိန်ဆွဲပြီးမတိုက်ပါနှင့်။
ဆေးစွဲပြီးသောက်ပါ။ အချိန်ဆွဲမနေပါနှင့်။
လွန်ဆွဲပွဲမှာ ဆေးစွဲနေသူတွေဘက်က ရှုံး၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး