Corn ပြောင်းစားနည်း
ဆရာ အင်ဒီးယားမှာ ပြောင်းကို ဘယ်လိုစားကြပါသလဲ။
ဆရာ့မေးတာကို ဆရာကတော်ကို မေးပြီး ရေးပါရစေ။
ပြောင်းမှုံ့ကို ဂျုံနဲ့လုပ်တဲ့အစာတွေလုပ်သလို သုံးပါတယ်။ ရိုတီး (အိုးကင်းပူတိုက်)၊ ပူရီ (ဆီနည်းနည်းနဲ့ကျော်)၊ ပလာတာ။ ပြောင်းမှုံ့ + ဂျုံမှုံ့ + ဆန်မှုံ့ + ဘာလီမှုံ့ + ဆတ်မှုံ့ ဆတူရောပြီး ‘ပရက်ရှာကွတ်ကာ’ ထဲမှာ ပြုတ်တယ်။ အမှန်က အမှုံ မဖြစ်သေးတဲ့အရွယ်အစား၊ ဂရင်ညူးလ်အဆင့်ဖြစ်တယ်။ အသီးတမျိုးမျိုး၊ အစေ့အဆံတမျိုးမျိုးနဲ့ ရောစားကြတယ်။ ကွန်းဖလိပ် ခေါ် ပြောင်းမှုံ့ကိုတော့ မနက်စာအဖြစ် နွားနို့နဲ့ရောပြီးစားသောက်တယ်။ အဲတာကတော့ အနောက်နိုင်ငံတွေမှာ ဘရိတ်ဖတ်စ်ဖြစ်တယ်။ ဟော်တယ်တိုင်းမှာလဲ အဲတာရတယ်။ ပုံစံ၊ အရောင်အသွေး၊ အရွယ်မျိုးစုံနဲ့လုပ်တယ်။
ကလေးတွေအတွက်ဖြည့်စွက်စာကို Rice cereal, Oatmeal cereal, Barley cereal အမှုံ့စုံနဲ့လုပ်တယ်။ ပြောင်းဖူးမှာတော့ ထွက်တဲ့နယ်အလိုက် ကောင်းတာနဲ့ ပိုကောင်တာမတူကြပါ။ အိန္ဒိယ-မြန်မာနယ်စပ်ကနေ မှာရတယ်။ မီဇိုရမ်ကလာတဲ့ ပြောင်းဖူးထက် မဏီပူနယ်စပ်ကလာတာက ပိုကောင်းတယ်။ ‘ဇိုမီး’ တွေ လုပ်တာက ပြောင်းဖူးကို ကြပ်တင်သေးတယ်။ ကျွန်တော့် ဒုတိယမြေးတောင် နယ်စပ်ပြောင်းဖူးက ဒေလီမှာဝယ်ရတာထက် ပိုကောင်းတာသိတယ်။
ကျွန်တော်ကတော့ ယောပြောင်းဖူးကို ပိုကြိုက်တယ်။ မစားရတာ ၂၇ နှစ်ပြည့်ပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment