When was the Buddha born?

ဘုရာအလောင်း ဖွါးတော်မူခဲ့သည့် ရာစုနှစ်အသစ်တွေ့ရှိ
ဘုရာအလောင်း ဖွါးတော်မူခဲ့သည့် ရာစုနှစ်အသစ်တွေ့ရှိ

လွန်ခဲ့တဲ့ လေးနှစ်တိတိကပါ။ ဘုရားအလောင်း ဖွါးမြင်တော်မူခဲ့တဲ့မွေးနေ့ဟာ လက်ရှိယူဆထားတာထက် ရာစု ၂ စု ပိုပြီး စောနိုင်တယ်လို့ တွေ့ရှိချက်အသစ်တခုက ဖေါ်ပြလိုက်ပါတယ်။ နီပေါနိုင်ငံ၊ လုမ္ဗိနီရှိ၊ မာယာဒေဝီစေတီအနီးမှာ သစ်သားနဲ့ ထုထွန်းထားတဲ့ ဇာတ်တော်ရုပ်ဟာ ရှေးဟောင်းသုတေသန တွေ့ရှိချက်အားလုံးထဲမှာ အစောဆုံးဖြစ်လာပါတယ်။

ဘုရားလောင်းရဲ့ဖွါးမြင်တော်မူတဲ့မွေးနေ့ကို ဘီစီ ၆ ရာစုကလို့ယူဆရတာမို့ မောရိယအင်ပါရာ၊ အာသောကမင်းကြီးရဲ့ သာသနာပြုမှတ်တမ်းတွေအရ လက်ခံထားတာထက် နှစ်ပေါင်း ၂ဝဝ ဝန်းကျင် စောနိုင်တယ်လို့ ဒူရ်ဟန်တက္ကသိုလ်က ပါမောက္ခ ရော်ဘင် ကွန်နီဟမ်ကနေပူးတွဲဦးဆောင်တဲ့ ယူကေအခြေစိုက် ရှေးဟောင်းသုတေသနအဖွဲ့က ထုတ်ဖေါ်ပြောကြားလိုက်တာဖြစ်ပါတယ်။ သစ်သားရုပ်တုရဲ့ အလယ်ကွက်လပ်နေရာမှာ ယဇ်ပူဇော်တဲ့သင်္ကေတ မပါရှိလို့ ဒါဟာ ဗုဒ္ဓဘာသာရဲ့ ဇစ်မြစ်လို့ ယူဆနိုင်ပါတယ်။ အင်ကြင်းပင်ရဲ့အမြစ်ကိုလည်း စေတီအလယ်နေရာမှာ တွေ့ရှိလာရပါတယ်။ ဒါ့ကြောင့် မယ်တော်မာယာကနေ ဘုရားအလောင်း ဖွါးမြင်ချိန်မှာ အင်ကြင်းကိုင်းကို ဆွဲယူနေခြင်း ဇာတ်တော်လာအချက်နဲ့ အဆက်အစပ်ရှိမယ်လို့ ယူဆတာပါ။

ဒီတွေ့ရှိချက်အသစ်ကို ဒီဇင်္ဘာလထုတ် Antiquity ဂျာနယ်မှာဖေါ်ပြမှာဖြစ်ပြီး၊ ဆောင်းရာသီမှာ ထုတ်လွှင့်မဲ့ National Geographic မှာလဲ တင်ဆက်မှာဖြစ်ပါတယ်။ ယူနက်စ်ကိုကနေ ဘုးရာလောင်းမွေးခဲ့တာဟာ ဘီစီ ၆၂၃ လို့ လက်ခံတားပြီးရှိပါတယ်။ တခြားပညာရှင်တွေကနေ ဒီတွေ့ရှိချက်အသစ်ကို မေးခွန်းထုတ်ထားတာတွေရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၃
၂၇-၁၁-၂ဝ၁၇
http://www.csmonitor.com/Science/2013/1125/Ancient-Nepali-shrine-suggests-new-date-for-Buddha-s-birthday

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး