Female Orge စန္ဒမုခီ

ဆရာတင်ထားတဲ့ ဓာတ်ပုံနဲ့ ကဗျာလေးကြည့်ပြီး နက်ဖြန် မနက်ခင်းအစော မန်းလေးတောင်တက်မယ်လို့ စိတ်ကူးရသွားပြီ ဆရာရှင့်။ မန္တလေးမှာ နေပါတယ်။

မန္တလေးတောင် စောင်းတန်းလှေခါး ရေတွက် ပြေးတက်ခဲ့ရတာ ခုနစ်တန်းကျောင်းသားဘဝမှာ။ အခေါက်ခေါက်အခါခါ ကျန်စစ်သားခြေဖဝါး အနားသွားတိုင်းမှာ ဝါးလုံးထောက်ခုန်ချင်ခဲ့မိပါ။ ဘိလပ်ရေနဲ့ ရွှေရင်အေး ပိုက်ဆံပေးမသောက်ရတာ ၂၇ နှစ်ကြာ။ မြွေကြီးနှစ်ကောင်အရောက် အမောဖြေ လေရှူခဲ့ရတာ မမေ့ပါ။ ဆေးစိမ်းသုတ်ထားတဲ့ ဘီလူးမရုပ် လက်နဲ့ မပုတ်ရဲခဲ့ပါ။

ရှင်အာနန္ဒာ ဒေသစာရီကြွချီတော်မူစဉ်က စန္ဒမုခီဘီလူးမဟာ ကြည်ညိုသဒ္ဓါပွါးပြီး သူ့ရဲ့ရင်သားအစုံကို ဖြတ်လှူခဲ့တယ်။ ရှင်အာနန္ဒာက မန္တလေးတောင်ပေါ်ကနေ လက်ညှိုးညွှန်ပြီးသကာလ ဒီအရပ်မှာ နောင်တချိန်မှာ သာသနာ့ဒါယိကာမင်းနဲ့ သာသနာတော် စည်ပင်ထွန်းကားလိမ့်မယ်လို့ ဗျာဒိတ်တော်ထားခဲ့တယ်။

ဆရာဝန်ဘဝ ရင်သားကင်ဆာလူနာတွေကို ခွဲစိတ်ဖြတ်တောက်ပေးတိုင်းမှာ သတိရခဲ့ပါ။ ရင်သားကင်ဆာ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး