ဘာ

ဖိတ်စာလေးတစောင်ပေါ်မှ ဆရာကြည်အောင်၏ သမိုင်းဝင်ကဗျာလေးတပုဒ်

ဆရာကြည်အောင်ဟာ ဝရမ်းပြေးဘဝနဲ့ မြို့သာမှာ ဇာတ်မြှု ပ်နေစဉ် မြို့သာတိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲအတွက် ဖိတ်စာလေးပေါ်မှာ အသန်ဆုံးအားဆိုတဲ့ ကဗျာလေးရေးပေးခဲ့ပါတယ်။ ဖိတ်စာတွေပေါ်မှာ ဒီ
ကဗျာလေးကိုရိုက်ပြီးဖိတ်ဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့စည်းဖြစ်တဲ့ မြို့နယ်ပါတီယူနစ်ဥက္ကဌဆီတင်ပြရပါတယ်။ သူတို့ကစိစစ်ပြီး မြို့သာရပ်ကျေး နယ်လုံးမွေးအစား မြို့သာနယ်ကျေး ပြည်လုံးမွေး၊ နွမ်းပါးသူတို့ လာကြလေအစား နွမ်းပါ့း့ လော့၊ ဆင်းရဲသူတို့ လာကြလေ့ အစား၊ ဆင်းရဲ့ လော့လို့ ပြင်ခိုင်းပါတယ်။ ဆရာကြည်ကလည်းပြင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ၁၄-၇-၁၉၈ဝ နေ့ဖွင့်လှစ်ရမဲ့အစီစဉ်ပျက်သွားပြီး ၃-၉-ဍ္ဍ၉၈ဝ နေ့မှာပဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ဖိတ်စာမှာတော့ ဆရာကြည်အောင်ရဲ့ကဗျာလေးမပါတော့ပါ။ ဘာကြောင့်မပါသလဲဆိုတာကတော့ ဆေးရုံ ဖြစ်မြောက်ရေးကော်မတီ လူကြီးမင်းများပဲ အသိဖြစ်ပါလိမ့်မယ်။ ပုံနှိပ်ပြီးမဖိတ်ဖြစ်တဲ့ကဗျာလေးကတော့ သမိုင်းဝင် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ သူရနောင် (မြို့သာ)။ ဒီဖိတ်စာလေးများကိုပေးတဲ့ မြို့သာအနောက်ရွာက ကိုနီကို ကျေးဇူးတင်ပါတယ်။ မှတ်ချက်။ ဒီကဗျာလေးက စာပေစိစစ်ရေးကိုမဖြတ်ရတော့ တ ကို တစ် လို့ ဆရာကမရေးခဲ့ပါ။ Mya Maung

အသန်ဆုံးအား

အမွှေးဆုံးသနပ်ခါး ပေါက်ရောက်ရာ
အထက်ဆုံးဓါး ထုလုပ်ရာ
အသွားဆုံးနွား မွေးဖွားရာ
အသန်ဆုံးအား လှုပ်ရှားရာ
မြို့သာရပ်ကျေး နယ်လုံးမွှေး။

ဆေးရုံတရုံ ဝိုင်းအုံတည်ဆောက်
ပြီးမြောက်အောင်မြင် အောင်ပွဲဆင်ပြီ။

ဆေးရုံတံခါး ဖွင့်လှစ်ထားတယ်
နွမ်းပါးသူတို့ လာကြလေ။
ဖြူညိုမခွဲ တသားထဲပင်
ဆင်းရဲသူတို့ လာကြလေ။

ဆေးတခွက်ဖြင့် အသက်တို့အား ကယ်တင်အံ့။
သွေးတစက်ဖြင့် အသက်တို့အား ကယ်တင်အံ့။

ဗျာဓိ ဓမ္မော အနတီတော မလွန်ဆန်နိုင် နာခြင်းသဘော။
အဘိဏှသုတ် အဟောကို ရယ်မောခြင်းဖြင့် ဖတ်ကုန်အံ့။

ကြည်အောင် (၁၄-၇-၁၉၈ဝ)

ဒီကဗျာ ဒီတခါသာတွေ့
ဆရာကြည်အောင် ချန်ရစ်ထားခဲ့

ဒီဖိတ်စာ ငါနဲ့ပါ ဆိုင်ခဲ့
ငါ တစုံတရာ ချန်ရစ်ထားခဲ့

ကြည်အောင်က ကဗျာ
ကျွန်တော် ချန်ခဲ့နိုင်တာ ဘာ။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၇

Comments