သပိတ်ဖုံး

ဆယ်တန်း အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ်ကို သပိတ်မှောက်ကြရအောင်တဲ့။ ညီအရင်းက အတင်းရေးတယ်။ ဘာလို့လည်း သူက ရေးထားပါတယ်။ အမှားတွေ ပါနေတယ်တဲ့။

သပိတ်မှောက်စကား အင်္ဂလိပ်ခေတ်ကပဲ စခဲ့တာ။ စတာကလည်း ပညာရေးကို မှောက်ကြတာ။

ဒိအရင်က တမျိုး။ ဗန်းမော်ဆရာတော်ကြီး ကိုရင်ဘဝ ဆွမ်းခံကြွရင်း လမ်းဘေးတနေရာ အခင်းကြီးသွားရရှာတယ်။ ရှက်တယ်ဆိုတာ မျက်နှာ။ သပိတ်ဖုံးနဲ့ သူ့မျက်နှာကို ကွယ်ထားပါသတဲ့။

တချို့အတွက်တော့ သပိတ်မလိုပါ၊ သပိတ်ဖုံးသာလိုတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး