ဖုံးမထားကြပါ

အချိန်လေးရတုန်းမှာ သူများတင်ထားတာတွေကို လိုက်ဖတ်တယ်။ ပုလိပ်မျက်စိက မြင်တယ်။

ဖိတ်စာတစောင် အရင်းနှီးဆုံး လေးစားရဆုံးသူတွေကို ပို့လိုပ်တယ် - လိုက်တယ်လို့ ရေးသင့်တယ်။
သတိနဲ့ စိတ်ရိုင်းတွေကို အချိန်မှီထိန်းထားနိုင်မှ - အချိန်မီလို့ ရေးသင့်တယ်။
ဆေးရုံသွား ဓါတ်ကင် ဆေးသွင်းရင် ပြောက်ပါသလား ပျောက်ပါသလားလို့ ရေးသင့်တယ်။
သမီးတို့အနုပညာရှင်ဆိုတာ ရင်ဘတ်ထဲရှိတာ တပ်နိုင်သလောက် ဖုံးကွယ်ပြီး ပရိသတ်ကိုဖြေဖျော်ပေးတာပါရှင် - တတ်နိုင်သလောက်လို့ ရေးသင့်တယ်။

ကျွန်တော်လည်း မှားလေ့ရှိတယ်။ ပြင်ပေးကြတယ်။ စာမတတ် လမ်းဖတ်တဲ့ မနေနိုင်သူတွေက သင်ပေးကြတယ်။ သတ်ပုံမသေချာရင် ဖေ့စ်ဘွတ်မှာတင်။ မှားမှန်းသိရင်ပြင်။

သတ်ပုံအမှား ဖုံးမထားကြပါ။ Smile!

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး