Jasmine စပယ် နှင့် စံပယ်

ဆရာရေ စပယ်ပန်းရေးတဲ့ စာလုံးပေါင်း ပြန်တင်ပေးပါဦးခင်ဗျာ။ စံပယ်ပင် စံပယ်ပန်း စပယ် စပါယ် ရှုပ်ကုန်လို့ 😁

ကျွန်တော်တို့က စပယ်ပန်းနဲ့ ကြီးပြင်းလာရတာ။ သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့သင်ခဲ့ရတယ်။ အရင်ထုတ်သတ်ပုံမှာ စံပယ်ပန်းလို့လည်း ရေးတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)၊ စာမျက်နှာ (၃၄၉) မှာ စပယ်လို့ ရိုက်နှိပ်ထားပါတယ်။

ခုခေတ်ထုတ် စတုတ္ထတန်းမြန်မာဖတ်စာမှာ စံပယ်တဲ့ လေးရုံ၊ ပျိုတို့မောင် မပန်ထိုက် ပန်ပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် တစ်ငုံဖြင့် ကျန်ပါသေးတယ်လို့ ရိုက်ထားတယ်။ ကဗျာခေါင်းစဉ်ကို စံပယ်ရုံလို့ ပေးထားတယ်။ အမှန်က ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာဖြစ်ပါတယ်။ တငုံ ကျန်ပါသေးသာဖြစ်ပါတယ်။

- စပယ်တဲ့ လေးရုံ
- မလေးကွယ် မပန်ထိုက်
- ပန်းပြတ်ခိုက် ကြုံ
- အပွင့်ရယ် ကုန်
- တငုံ ကျန်ပါသေး
- ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
- ခေါင်း ဖြီးခဲ့လေး။

ကျွန်တော်တို့ငယ်ငယ်က စပယ်ပန်းတွေ မွှေးတယ်။ ခုခေတ်စံပယ်ပန်းလည်း မွှေးမှာပါ။ သတ်ပုံကတော့

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)