သွားကာနီး
ဘာသာရေးပို့စ်တခု တွေ့ပါတယ်။ သေခါနီး ဝေဒနာအားရှု့မှတ်နည်းလို့ရေးထားတာ
သေခါနီးသတ်ပုံပြန်စစ်သင့်တယ်။ သွားကာလာမျှ၊ သွားကာနီး၊ လာကာနီး၊ စားကာနီးလို့ ရေးသင့်တယ်ထင်တယ်။
ရှုမှာလည်း (့) မလိုအပ်ပါ။
ခါ
ခါ တိရစာန်
ခါချသည်
ခါချဉ်ထုပ်
ခါချဉ်အုံ
ခါချဉ်ကောင်
ခါတိန်ညင်
ခါပစ်သည်
ခါလည် (အခါလည်)
ခါလည်ခါကျူး
ခါလီဆွဲ
ခါတော်မီ
ဆတ်ဆတ်ခါ
ဆန်ကောဆန်ခါ
တခါတလေ
တရံရောအခါ
တလင်းချေးခါ
ပစ်ပစ်ခါခါ
ပျိုးချေးခါ
ဖြူခါစင်
ဖြူခါပြာခါကျ
လှုပ်ခါ
ဝိသာခါ
သာခါ = ပိတ်ချော (အာရတ်စကားကနေလာ)
အခါမလင့်မီ
အခါသမယ
အချိန်အခါ
အကြိမ်ကြိမ်အခါခါ
ပြောင်တလင်းခါ
အွန်လိုင်းသတ်ပုံကျမ်းမှာ ခါ (သွား ~ စ၊ သွား ~ နီး၊ သွား ~
မှ) လို့တင်ထားတာ မမှန်ဘူးထင်ပါတယ်။
ကွန်မင့်တခု = According to you, sir, we should write သွားကာနီး
လာကာနီး because we write သွားကာ လာကာမျှ. It seems to me they're worlds apart.
The second one shows "manner" whereas the first one shows
"time", i.e. you're about to do something. So there's no point in
writing သွားကာနီး လာကာနီး. The appropriate spelling would be သွားခါနီး လာခါနီး.
They don't even have the same pronunciation..I mean the two 'ကာ's in the
expressions သွားကာ လာကာ and သွားခါနီး လာခါနီး, do they, sir?
ကာနီး ရော ခါနီးပါ အတိအကျ သတ်ပုံစာအုပ်တွေမှာ အခုထိတော့ မတွေ့သေးပါ။
စဉ်းစာယူရတာဖြစ်လို့ သူမှန် ကိုယ်မမှားဖြစ်နိုင်ပါတယ်။ အချိန်အခါနီးတာလို့တော့ အမှန်ရှိတယ်။
အရပ်စကားမှာ သေဂါနီးကြီးလို့ပြောကြတယ်။ သွားခါနီးရော သေဂါနီးကိုပါ စာနဲ့ရေးတော့ သေကာနီး၊
သွားကာနီးလို့ ရေးကြမလား စဉ်းစားမိတယ်။ အဲတာလည်း စဉ်းစားယူတာဖြစ်လို့ မှန်ပါတယ်လို့
ပြောမရပြန်။ ကျေးဇူး
ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၇



Comments
Post a Comment