လျက်ဆား ဖေါ်မြူလာ

ခု ကျုပ်ဟောနေတဲ့တရားဟာ ဘယ်လောက်အရေးကြီးသလဲ။ ဒါတောင် တယောက်ပြီးတယောက် ထပြန်ကြတာဟာ လူထုရဲ့ ညံဖျင်းမှုကိုပြတာဘဲ။ (ဦးဘဂျမ်း)

ခု ကျွန်တော်ရေးနေတဲ့ တ နဲ့ တစ်သတ်ပုံ ဘယ်လောက်အရေးကြီးသလဲ။ ဒါတောင် တစ်ယောက်ပြီး တစ်ယောက်သာ ရှိသေးတယ်။ ဒါဟာ မြန်မာစာသင်ကြားမှု အဆင့်အတန်းကိုပြတာဘဲ။ (ကန်တော့ပါ)

ရေတွက်လို့ရတာမှန်သမျှ တစ်တဲ့။ မ နောက်က ဘဲမလိုက်ရင် မှားသတဲ့။ လျက်ဆားတောင်မှ စပ်တဲ့ဖေါ်မြူလာ မတူကြပါ။

အင်္ဂလိပ်စာမှာ ရေတွက်လို့မရတဲ့ နာမ်တွေထဲမှာ မန်းနီးပါတယ်။ စာဆိုတာ တခါတခါ အတော်ဂွကျတယ်။ တချက်လွှတ်အမိန့်နဲ့ ခိုင်းလို့မရတာတွေပါတယ်။

မှတ်ချက် - ဦးဘဂျမ်းကာတွန်းက သတ်ပုံကျမ်းတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး