ပက်လက်လန်

ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် တင်ပါးက မရွှေ့နိုင်ပါဘူး၊ မနည်းအားယူပြီးမှ ဘေးစောင်းရပါတယ်၊ ဆရာ သက်ရှည် ကျန်မာပါစေ ရှင့်

ဖြစ်တာ လူကြီးလား ကလေးလား ၂ ခါစဉ်းစားရတယ်။ ကလေးအသက် ၁ဝ ထဲဆိုတာ ၁ဝ လလား၊ ၁ဝ နှစ်လား စဉ်းစားရတယ်။ လူကြီးဆိုရင် ခွဲမွေးစဉ်က ခါးထုံဆေးလား။ အဲတာကနေလည်း ဖြစ်တတ်တယ်။ ကြာရင် ပျောက်တယ်။ Ibuprofen 200 mg တနေ့ ၂-၃ ကြိမ် သောက်နိုင်။ Low back pain စာ ဘလော့မှာဖတ်နိုင်။

ပက်လက်လန်လို့ ရေးရတယ်။

၂။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။

အအေးပတ်လို့ ရေးရတယ်။

လပ်
ကွက်လပ်
ဆုလပ် (ဆုလာဘ်)
ဇလပ်ပန်း
တခုလပ်
ကြာကလပ်
ပြတ်လပ်
လစ်လပ်သည်
လွတ်လပ်ရေး
လွတ်လွတ်လပ်လပ်
အကြားအလပ်
အမှုပလပ် (ပသံ ပီသအောင်ထွက်ရ)
မီးပလပ် (အင်္ဂလိပ်စာလုံးကယူ၊ ပနဲ့လပ်အသံ ဆက်ထွက်ရ)

ပက်
ပက္ခဒိန် (ပြက္ခဒိန်)
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက်ကား = ညွှန်အိုင်
ပက်ကျိ
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ဖျန်းသည်
ပက်ပြဲ
ပက်လက်လန်
မှောက်ခုံပက်လက်

ပတ်
ခုနစ်ရက်တပတ်
တစ်နှစ်ပတ်လုံး
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တမြား
ပတ္တလား
ပတ္တာ (တံခါး)
ပတ္တာခံ
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်ဝန်းကျင်
ပတ်သက်
ပတ်ခြောက်က
ပတ်မြှောင်
ပတ်
ကမ္ပတ်အိမ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ္တာ၊
တသက်ပတ်လုံး၊
တာလပတ်၊
တနှစ်ပတ်လုံး၊
ပဋ္ဋိပတ်၊
ပတ္တမြား၊
ပတ္တလား၊
ပတ္တရောင်လှည့်၊
ပတ္ထနာဆုတောင်း၊
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်၊
ပတ်စာခွာဖျာသိမ်း၊
ပတ်တီးစည်း၊
ပတ်တုတ်၊
ပတ်ပတ်နပ်နပ်၊
ပတ်ပတ်လည်၊
ပတ်ပျိုးသီချင်း၊
ပတ်ကြမ်းတုတ်၊
ပတ်ခြံ၊
ပတ်မကြီး၊
ပတ်ရံ၊
ပတ်ရစ်၊
ပတ်လည်၊
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်၊
ပတ်သက်၊
ပတ်မြှောင်၊
ကြိုးနဲ့ပတ်၊
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လုံးပတ်ပင်စည်၊
လည်ပတ်ပုဝါ၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
သမာပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
အကြောင်းဗျုပ္ပတ်၊
ဥပပတ်၊
ကွေ့လည်ကြောင်ပတ်၊
ထောပတ်၊
လျောက်ပတ်တင့်တယ်၊
ဝေ့လည်ကြောင်ပတ်၊

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး