The Gate ရွှေတံခါးကြီး

နေမဝင်အင်ပါယာလို့ အင်္ဂလိပ်ကိုလိုနီအင်ပါယာ တန်ခိုးထွားတာကို ထင်ဟပ်တဲ့ဖေါ်ပြချက်က အတော်ထိမိပါတယ်။

ကျွန်တော်တို့ရဲ့ ဒုက္ခသည်အင်ပါယာမှာလည်း နေမဝင်ပါ။ ယူအက်စ်အေမှာရော၊ သြစတေးလျနဲ့ နယူးဇီလန်မှာရော၊ ဂျပန်၊ တရုပ်နဲ့ ကိုရီးယားမှာရော၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ နယ်သာလင်မှာရော။ ဂျာမဏီ၊ ပိုလန်၊ ပြင်သစ်၊ ဗီယာနာ၊ မော်စကိုနဲ့ အာရတ်နိုင်ငံတွေမှာပါ ကျွန်တော်တို့တတွေ နေထိုင်လုပ်ကိုင်စားသောက်နေကြတယ်။ ကျွန်တော်တို့နေကြတာ ဥတုသုံးပါးလုံးနဲ့ပါ အကြုံးဝင်သေးတာ။

ဥတုသုံးလီ၊ ရာသီဆယ်နှစ်ပါး၊
နေသွားလမ်းအကုန်၊ ဝန်ရိုးစွန်းတစုံ၊
ကမ္ဘာကုန်ကျယ်၊ မြန်မာဒုက္ခသည်တွေ နေကြတယ်၊
ရွှေပြည်မယ်တော့ ရွှေတံခါးကြီး ဖွင့်ထားပြီတဲ့ကွယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၅
၂၁-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး