Life is Selfie ဘဝကို ဆယ်ဖီးရိုက်ခြင်း

လူတိုင်း ပုံတိုင်းလိုလိုမှာ ပြုံးကြတယ်။ ကျွန်တော့်ပုံကိုကြည့်ပြီး တချိုကတလေက အားကျတယ်လို့ရေးတယ်။ အားမကျထိုက်တဲ့အကြောင်းလေးတွေ မနှစ်က ဂျာနယ်တခုကိုပို့လိုက်ပါတယ်။

ဆယ်လ်ဖီးပုံမှာ ကိုယ်ပြချင်တာကိုပြ
အကျအန၊ အလှ
ဘဝဆိုတာ ဆယ်ဖီးရိုက်သလို
ကိုယ်ပြလိုတာကို ဖိုးကပ်စ်လုပ်၊ အနုတ်သဘောတွေပါနေရင်ပြင်
ဘဝင်မကျ စိတ်ကြိုက်မရသေးရင် နောက်ပုံထပ်ရိုက်
အဲဒီနည်းနဲ့ မကိုက်တာက လူ့ဘဝ၊ ပြန်ပြင်လို့မရ
အတိတ်သာမရတာ၊ အနာဂတ်ကိုတော့ ရအောင်ပြင်နိုင်ကြပါတယ်
လူတိုင်းကိုယ်စီမှာ ပုံအလှလေးတွေ ရိုက်နိုင်ကြပါစေ။

ဘဝဆိုတာ ကင်မရာလိုပါပဲ။ အရေးပါတာကို အာရုံစိုက်ထား၊ ကောင်းကွက်ကို ရိုက်ယူ၊ အနုတ်သဘောတွေကနေ ပုံပေါ်လာအောင်လုပ်၊ အဲလိုမှမကိုက်သေးရင် နောက်တပုံထပ်ရိုက်။ နောက်တပုံထပ်ရိုက်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၆
၂၁-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး