Proofreading ပရုဖတ်ခြင်း

မင်္ဂလာပါ ဆရာတို့ မိသားတစုလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။ ဆရာခင်ဗျား မနေ့ညက အမေလူထုဒေါ်အမာရဲ့ မွေးနေ့ (၁၀၂) နှစ်ပြည့်ကို ရောက်ဖြစ်ခဲ့ပါတယ်ဗျ။ စာရေးဆရာမ မဝင့် (မြစ်ငယ်) ကို အမေလူထုဒေါ်အမာက (ပရုစင်) ဖို့ဆိုတဲ့စကားကို ပြောခဲ့တာကို ကြားသိခဲ့ရလို့ပါ။ (ပရုစင်) တယ်ဆိုတဲ့ အဓိပ္ပာယ်လေးကို ကျေးဇူးပြု၍ ရှင်းပြပေးစေချင်ပါတယ်ဗျ။ (ပရုစင်) စာလုံးပေါင်း မမှန်ခဲ့ရင်လဲ ပြင်ပေးစေချင်ပါတယ်ဗျ။

ပရုဆိုတာ Proof ကို အသံထွက်ယူတာဖြစ်ပါမယ်။ အရင်က စာအုပ်တိုက်တိုင်း၊ သတင်းစာတိုက်တိုင်းမှာ ပရုအယ်ဒီတာလို့ ထားကြရတယ်။ တခြားအယ်ဒီတာတွေက စာရဲ့ အာဘော်၊ အချက်အလက်နဲ့ ဆင်ဆာလွတ် မလွတ်ကြည့်တယ်။ ပရုဖ်အယ်ဒီတာက သတ်ပုံစစ်တယ်။ နောက်ဆုံးသတ်သူသဘောဖြစ်တယ်။ ကွန်တော်က အတိအကျသိတဲ့သူတော့ မဟုတ်ပါ။

Proof-editing လို့ရှိတယ်။ အွန်လိုင်းမှာစာတင်တဲ့ ဒီဂျစ်တယ်လ်ခေတ်မှာလည်းထားတယ်။ သူများတိုင်းပြည်တွေမှာ Proofreading & editing services ဝန်ဆောင်မှုတွေရှိတယ်။ Proof ပရုဖ်ဆိုတာ Manuscript ခေါ် စာမူကို ချရိုက်ထားပြီးသားစာကို စစ်ဆေးထားတဲ့စာခေါ်တယ်။ လူအမှား၊ စက်အမှားရှိတတ်တယ်။ အဲတာကို စစ်ဆေးရတယ်။ အဲလိုစစ်ပြီးရင် စာရိုက်သူနဲ့ ဂရပ်ဖ်အားတစ်တို့ဆီ ပြန်ပို့ရတယ်။

Proofreading ပရုဖတ်တာနဲ့ Editing အက်ဒစ်လုပ်တာ မတူပါ။ ပရုဖတ်တာက အပေါ်ယံဆန်တယ်။ သတ်ပုံ၊ သဒ္ဒါ၊ အဖြတ်အတောက်၊ ဖေါမက် ခေါ် ပုံစံဖွဲ့တာတွေကိုသာ စစ်ဆေးတယ်။ ဒါပေမယ့် အဲလိုလုပ်တာက နောက်ဆုံးအဆင့် ဖြစ်တယ်။ တခြားအယ်ဒီတာတွေက စစ်ဆေးပြီးမှသာ လုပ်တယ်။

မေးခွန်းပါ ပရုစင်ကို သိပ်တော့ မသိပါ။ ပရုဖတ်ထားပြီးသား အမှားအယွင်းကင်းစင်တာလား စဉ်းစားကြည့်ပါတယ်။ ထပ်ပြောပါရစေ။ ကျွန်တော်က စာနယ်ဇင်းလောက၊ မီဒီယာလောကကို နည်းနည်းလေးမှ မသိပါ။ ကျွန်တော်ပြောတာ မှားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ