Pelican and Fish ဗျိုင်း ငါးဖမ်း ပုံပြင်

စူးကို ဆူးနဲ့ ဆူးကို စူးလို့ရေးနေကြတာတွေ နေ့တိုင်းဖတ်နေရတယ်။

၁။ သမီးအသက်က ၂၆ နှစ်ပါရှင့်။ သမီးမိန်းမကိုယ်က ဆူးဆူးနေတယ်ဆရာ။

၂။ ဆရာခင်ဗျ ငါးရိုးဆူးနေလို့ လမ်းညွှန်ပြပါခင်ဗျာ လေးစားစွာဖြင့်

၃။ ဆရာရှင့် သမီးလေးက တနှစ်နဲ့ ၇လပါ ငါးအရိုးဆူးနေလို့ပါဆရာ။ အရေးပေါ်ဖြစ်နေလို့ပါ။

၎။ ကျွန်တော် အခုတလော လျှာအောက်က အသားက ဆူးဆူးပြီး ယားနေပါတယ်ဆရာ။

၅။ ဆရာ သမီးက ၃၃နှစ်၊ ဘယ်ဘက်ရင်အုံနားက တခါတခါ ဆူးပြီးနာတယ်ဆရာ။

၆။ ဘင်္ဂလားနယ်စပ် သံစူးကြိုးကာရန်နှင့် ကာရန်ပြီးနောက် လျှပ်စစ်ဓါတ်အားလွှတ်ရန်

စူး
စူးစမ်းပါ
စူးစမ်းရှာဖွေသည်
စူးစူးစိုက်စိုက်ကြည့်သည်
စူးစူးရားရား (ထက်မြက်)
စူးစူးဝါးဝါး (စူးစူးရွားရွား)
စူးထိုးစိုက်ပျိုးသည်
စူးရှသောအမြင်ရှိသည်
စူးရှတဲ့အရသာ
ဆူးစူးသည်
အမြင်စူးရှသည်
တောင်စူးစူးသို့ သွားပါ
ရေစူးဘယ်လောက်လဲ
လက်သမားသုံးစူး

ဆူး
ငါးဆူးတောင်
ဆူးချုံ
ဆူးစူးနေသည်
ဆူးဆူးရားရား(အမျက်ပြင်းစွာ)
ဆူးတပ်ကာရံထားသည်
ဆူးပန်းပင်
ဆူးပန်းတောင်းပင်
ဆူးပုပ်ကြီးပင်
ဆူးပုပ်ရွက်
ဆူးပလွေပင်
ဆူးခြုံ (ဆူးချုံ) ထဲမှာ ငှက်ရှိသည်
ဆူးရစ်ပင်
ဆူးလှည်းကြီးလိုပဲ ဟိုငြိ သည်ငြိနဲ့
ဆူးငြောင့်ခလုတ်တွေကို ကျော်လွှားသွားပါ
ဆူးလေကုန်းရပ်
ကျောက်ဆူးချထားသည်
နှင်းဆီပင်မှာ ဆူးပါ၏
ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။

ဆရာကာပြန် အာခေါင်လှံစူးတဲ့ ပုံပြင်ရှိတယ်။ ငါးကိုဖမ်းယူ၊ အပေါ်မြှောက်ပြီး အောက်ကနေ နှုတ်သီးနဲ့ ပိုင်နိုင် ကျင်လည်စွာ ဖမ်းတဲ့ဗျိုင်းဆီကနေ လှံသမားက ပညာယူတယ်။ လေ့ကျင့်တယ်။ တတ်မြောက်လာတော့ လူပုံအလယ်မှာ လှံကို အပေါ်မြှောက်ပြီး သူ့ပါးစပ်နဲ့ ဖမ်းပြတယ်။ ပရိသတ်က ချီးမွမ်းကြတယ်။ ဒီအတတ်ကို ဘယ်ကနေ သင်ယူခဲ့ပါသလဲ မေးတော့ ဗျိုင်းတပည့်လို့ အပြောမခံချင်တာနဲ့ သူ့ဖါသူတတ်တာလို့ ပြောလိုက်သတဲ့။ နောက်တချီမှာတော့ အာခေါင် လှံစူးရှာပါသတဲ့။

မြန်မာစာမှာ အရင်က ရေးသားခဲ့တဲ့အမှန်သတ်ပုံတွေကို ပြင်ရေးနေသူတွေဟာ အရင်က ဆရာတော်တွေ၊ ဆရာတွေ၊ ရေးသားခဲ့တာတွေကို ဖတ်ခဲ့ကြသူတွေသာဖြစ်တယ်။ အတတ်စူးကြတယ်။ အာခေါင် လှံမစူးကြပါစေနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)