ဘက် နဲ့ ဖက်

၁။ လက်နှစ်ဖက်၊ လက်နှစ်ဘက်၊ ဘယ်ဟာ အမှန်ပါလဲဆရာ။ (လက်နှစ်ဘက်နဲ့ ဖက်ထားသည်က မှန်မယ်ထင်ပါတယ်။)

၂။ သူ့ဖက်/ကိုယ့်ဖက် နဲ့ သူ့ဘက်/ကိုယ့်ဘက် ဘယ်လိုရေးတာ အမှန်လည်းဆိုတာ သိပါရစေဆရာ။ (သူ့ဘက် ကိုယ့်ဘက်က မှန်မယ်။)

၃။ ဆရာမင်္ဂလာပါ။ မြန်မာစာမှာ လေးဖက်နာရောဂါကို ဖက်လား၊ ဘက်လား သိချင်ပါတယ်ဆရာ။ (လေးဘက်နာက ပိုမှန်မယ်ထင်ပါတယ်။)

၎။ ဆရာ မေးပါရစေရှင့်။ မြန်မာစာမှာ ဖက် နှင့် ဘက် ရဲ့ အသုံးအနှုန်းလေး သိပါရစေရှင့်။

ဘက်
ဘက်စုံတော်သည်
ဘက်ညီသည်
ဘက်ထရီ
ဘက်မလိုက်လှုပ်ရှားမှု
ဘက်မဲ့ကြုံးသား
ဘက်မဲ့ကြုံးသား
ဘက်ရိုက်ကစား
ဘက်လဲတကင်း (ဖက်လည်းတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်)
ဘီလူးသဘက် (ဘီလူးသားဘက်)
ဘီလူးသားဘက်
သန်ဘက်ခါ
သူ့ဘက်ကိုယ့်ဘက်
တောင်ဘက်မြောက်ဘက်

ဖက်
ဆန့်ကျင်ဖက်
တဖက်တလမ်း
ဖက်၍ထားသည်
ဖက်ကတော့
ဖက်ခွက်စား
ဖက်ခွက်နာ
ဖက်စပ်လုပ်ငန်း
ဖက်စိမ်းရောင်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
ဖက်ညွန့်
ဖက်တွဲ
ဖက်ထစ် = အမြဲမကွာ
ဖက်ထုပ်
ဖက်ဖူးဆင် ခင်ခင်ကြိုက်တယ်
ဖက်ဖူးရောင်
ဖက်ပြိုင်
ဖက်ယမ်းနမ်းရှုပ်
ဖက်ယှဉ်ဖက်တွဲ
ဖက်ယားပင်
ဖက်ရမ်း
ဖက်ရှင်ဝတ်
ဖက်လဲတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်
ဖက်သန်းပင်
ဖက်အုပ်ပင်
ဖက်ဆေးပေါ့လိပ်
ရှမ်းဖက်လိပ်
လက်ဖက်ခြောက်
သွားဖက်လာဖက်
ပွေ့ဖက်ထားသည်
ပေါင်းဖက်သည်

ရာဇဓါတုကလျာဖွဲ့ ရတု (နတ်သျှင်နောင်)
တင့်လှပေဟန်၊ ဖက်မဲ့ရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ၊ ဝင်းလက်ရောင်ရွှေ၊ အခေါင်ပေတည့်၊ တောင်နေနတ်ဟန်၊ မြတ်သစ်ကြန်နှင့်၊ ပန်းမှန်ရေးချ၊ ထုံးနေမကျော၊ ပန်းရောဆံကြာ၊ ချတိုင်းသာလျှင်၊ ရွှေဝါဖိတ်ရွှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွတ်သည်၊ ဘုံထွတ် နန်းတောင် နေတို့လော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)