My home မုံရွာ ရတနာပုံကအိမ်

ယခုအခါ ကွယ်ပျောက်သွားတဲ့ ကစားနည်းလို့ ပို့တာ အခုပဲရတယ်။ ကျေးဇူး။

Shartong Ranger Game https://www.facebook.com/rangercabunzky/videos/1730585520285496/

ကျွန်တော်ငယ်ငယ်က ကျည်းသားကစားခဲ့ပါတယ်။ နှစ်နှစ်လောက် စာလေးတပုဒ်ရေးထားတယ်။ မုံရွာ ရတနာပုံကအိမ်။

• ဝါးကပ်ထရံ၊ နံရံလည်းဝါး၊ အသားခင်းအိမ်၊ ကြိမ်ကုလားထိုင်၊
• အိမ်တိုင် မျောသား၊ အင်သား တန်းလျား၊ စားပွဲ သရက်သား၊
• အိမ်နား မြေလမ်း၊ ထန်းပလပ်ခုံ၊ လမ်း ဖုန်ထူ၊ နေပူ၊ လူဝတ်စရာ ချည်ထည်သား၊
• ဝါးယပ်တောင်၊ စက္ကူယပ်တောင်၊ မင်္ဂလာဆောင်ကရ၊ အလှူကရ၊ နာရေးကရ၊
• ရွက်လှပန်းပင်၊ မာလကာပင်၊ ကြံပင်၊ အဖေစိုက်တဲ့အပင်၊ နေ့စဉ် ရေငင်လောင်း၊
• ကျောင်းပြန်ကစား၊ ကျည်းသား၊ အားရင် ဒိုးပစ်၊
• ရွာဖြစ်လက်ဆောင်၊ မပူအောင်သုံး၊ အုန်းဆံ တံမြက်စည်း၊ နှီးဆန်ခါ၊ ဖျာနဲ့ လက်သုပ်၊ မုန့်ဖက်ထုပ်၊ လက်လုပ်ချဉ်၊
• ရေငင် ပွဲ့လျက် (ပွဲ့ညှက်) သုတ်ပုံး၊ ထုံးနဲ့ ကွမ်းရွက်၊ ပြောင်းဖူးဖက်လိပ်၊
•အရိပ်အငွေ့၊ အမေ့အိမ်ဓလေ့၊ လွန်ချမ်းမြေ့၊ အကျွန် အလွန်အောက်မေ့။     ။

ကျည်းသား ကစားခဲ့ပါတယ်။ ဆော့တယ်လို့ မပြောပါ။ စည်းစနစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၅
၂၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး