Paragraph ပါရာဂရပ် ရေးနည်း

၁။ မှတ်မိသလောက် စာစီစာကုံးကို ဆရာတွေဘယ်လိုသင်သလဲ။ ကျွန်တော် မသေချာခဲ့ဘူး။ စနစ်တကျ မသိခဲ့ဘူးလို့ ဆိုတာပါ။ ခြောက်တန်းရောက်တော့ ဝတ္ထုစဖတ်တော့ စာသားလှတာကို ယူတတ်လာတယ်။ ခံစားရတဲ့ အလှအပကို ရေးစမ်းလာတယ်။ တကယ်တော့ အဲဒီမဟုတ်ပါ။ စာဖတ်လို့ စာလုံးကြွယ်လာတယ်။ အရေးအသား ပြေပြစ်လာတယ်။ ဒါပေမဲ့ စာစီစာကုံးကောင်းအဖြစ် မသတ်မှတ်နိုင်ဘူး။ ပေးထားတဲ့ စာစီစာကုံးခေါင်းစဉ်ကို နားလည်းရမည်။ နိဒါန်း ရေးရမယ်။ စာကိုယ်ရေးရမည်။ နိဂုံးအဆုံးသတ်ရမည်။ စာစီစာကုံးထဲမှာ နိဒါန်းပြီးတာနဲ့နေရာ ဇာတ်ကောင် စသဖြင့် အစီစဉ်တကျရေးရမည်။ နိဂုံးရောက်လာလျင် ကိုယ်ဘာပြောချင်တာဘာ အသိပေးချင်တာ ရေးနိုင်ရမယ်။ သို့သော် ကျွန်တော်သည် တောသားရေကူးသင်သလို ဝုန်းကနဲရေထဲခုန်ချခဲ့ပါသည်။ ယခုခေတ် ဆရာများကော စပြီးစာစီစာကုံး ရေးခိုင်းတော့မည်ဆိုလျှင် ဘယ်လိုများစနစ်တကျပြောပြီး အချက်အလက်ရအောင် သင်စေချင်သည်။

၂။ ၁၉၉ဝ ခုနှစ်က တန့်ဆည်မြို့အ-ထ-က (၁)ကျနော်က ၅ တန်းမှာ အတန်းပိုင်ဆရာမ ဒေါ်နွဲ့နွဲ့သောင်းက စာစီးစာကုံး ရေးခဲ့လို့ အိမ်စာပေးလိုက်တာ မရေးဖြစ်ခဲ့ပါ ကျနော်ဘာမှန်ကိုမသိပါ မှတ်မှတ်ရရအရိုက်ခံခဲ့ရဘူးပါသည် စာကိုလည်း အလေးထားရကောင်းမှန်မသိခဲ့ပါ။ ဆရာ့ကိုတော့လေးစားလျက်။

ဒီပို့စ်မှာ စာစီစာကုံးရေးနည်း မရေးပါ။ ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ ပြီးခဲ့တဲ့အပတ်က ပါရာဂရပ်ရေးနည်း သင်တယ်။ အင်္ဂလိပ်သဒ္ဒါကို လေးလသင်ပေးထားပြီ။ ဝါကျအနည်းဆုံး ၅ ကြောင်း၊ ဖြစ်နိုင်ရင် ရှစ်ကြောင်းရေးခိုင်းတယ်။ နမူနာ ၂ ခုသင်ထားတယ်။ အိမ်အခန်းတခုနဲ့ မိန်းကလေးတယောက်။

ခေါင်းစဉ်တပ်ပါ။ စာမျက်နှာအလယ်မှာ။ ပဌမဆုံးစာကြောင်းက ကိုယ်ရေးမဲ့စာရဲ့ အိုင်ဒီယာ။ ပြီးတော့ အထောက်အကူပြု ဝါကျတွေနဲ့ အဆုံးသတ်မှာ အချုပ်။ အထောက်အကူပြုရေးတဲ့အခါ အစီအစဉ်ကျပါစေ။ အခန်းအကြောင်းရေးရင် ကြိုက်တဲ့ နံရံကနေစပြီး၊ နောက်နံရံတွေ ဆက်သွား။ ဟိုရောက်သည်ရောက်တော့ မရေးနဲ့။ လူကိုရေးရင် ခေါင်းကနေ အောက်ရေး။

ဝေါဟာရအတွက် ပုံနဲ့စာတွေ ကော်ပီလုပ်ပေးထားတယ်။ ကြိုက်တာ ကူးရေး။ ရေးနည်းကို သင်တာ။ သဒ္ဒါတော့ မှန်ပါစေ။ အစီအစဉ်ကျအောင်ရေးဘို့ ဖြစ်တယ်။ မြင်တာသာရေး။ မေးမကြည့်ရပဲ မိန်းကလေး ၁၉ နှစ်လို့မရေးနဲ့။ ခပ်ငယ်၊ အရွယ်လတ် ရပြီ။ သူငယ်တန်းကျောင်းသားလိုတော့ ဝါကျတွေ ထပ်တူဖြစ်နေတာတော့ မကောင်းဘူး။ အထက်တန်းအဆင့်ကျောင်းသားတွေ မဟုတ်လား။ အထားအသိုလေး ပြင်ရေး။

နိဂုံး ထို့ကြောင့် ကျမသည် ကျမအိမ်ခန်းလေးထဲမှာ နေရတာ အလွန်ကို ပျော်ပါသည်။ ထိုမိန်းကလေးသည် ကျွန်တော် အိပ်မက်ထဲက ဂဲလ်ဖရင်းဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး