မြန်မာစာမှာ ခြွေး မရှိပါ

ဒီလို စာတွေကို မြင်ရင် ဆရာ့ကို သတိရပာတယ် ရေးချင်သလိုကို ရေးနေကြတာ

ဟုတ်။ ဂရုတွေမှာ ကျန်းမာရေးအချက်အလက် မမှန်တာတွေကို ပြောရတာ အားနာရတယ်။ ရေးထားတဲ့သတ်ပုံ အမှားတွေတွေ့ရင် သူတို့ကိုစာသင်ပေးတဲ့ မြန်မာစာဆရာဆရာမတွေကို အားနာရတယ်။

မြန်မာစာမှာ ခြွေး မရှိပါ။ ချွေး သာရှိတယ်

နဖူးကချွေး ခြေမကျ
ချွေးခံအင်္ကျီ
ချွေးငုပ်
ချွေးတပ်ဆွဲ
ချွေးတပြိုက်ပြိုက်
ချွေးထုတ်ဆေး
ချွေးဒီးဒီးကျ
ချွေးမ
ချွေးပြန်
ချွေးသိပ်
ချွေးနှီးစာ (ချွေးနဲစာ)
ချွေးကတဆင့် ကူးစက်ရောဂါ
ချွေးထွက်ဂလင်းများ
ချွေးထွက်များမှ သွေးထွက်နည်းမည်
ချွေးထွက်များရောဂါ

ဒေါက်တာတင့်ဆွေ
၁၆-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး