Aizawl ဗမာလို ဘယ်လိုပြောရမလဲတဲ့
ကွန်မင့်တွေရတယ်။
၁။ အရင်၊ အယင်) စသည့် စကားလုံးတွေရဲ့(၏)အရေးအသား အမှန်က "အလျင်"မဟုတ်ဘူးလားဆရာ။
ဥပမာ။ အလျင်ဦးဆုံး၊စောလျင်စွာ
နားမလည်။ ဆောရီး။
၂။ now comment ပါဆရာ ခင်ဗျာ
နားမလည်ပါ။ ဆောရီး။ now လား၊ no လား။
၃။ ခဲတံကြိးကဘယ်နားမှာလဲဆရာ
နားမလည်။ ဆောရီး။
ကျွန်တော်တို့ ၁၉၉၀ ခုနှစ်အကုန်မှာ အိန္ဒိယကိုရောက်သွားကြတယ်။ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ မြန်မာပြည်က အလုပ်လာလုပ်သူတွေ အများကြီးကိုတွေ့တော့ ဝမ်းသာကြတယ်။ အတော်များများက မီဇိုးစကား ကောင်းကောင်း ပြောတတ်ကြတယ်။ အကူအညီတောင်းရတယ်။ ကျေးဇူး။ ဒါပေမဲ့ တချို့က တခါတခါ ဗမာလို ဘယ်လိုပြောရမလဲလို့ ပြောကြတော့ အတော်စိတ်မကောင်းဖြစ်မိတယ်။
ဖေ့စ်ဘွတ်ပေါ်ကတည်းက မြန်မာလိုရေးတာတွေကို နားလည်ခဲ့တာ အခုတော့ ဗမာလို ဘယ်လိုပြောရမလဲလို့ခေတ် ရောက်သွားပြီ။
ဒေါက်တာတင့်ဆွေ
၁၇-၉-၂၀၁၉

Comments
Post a Comment