Pills Question ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်

(ကန်တော့)

၁။ ဆရာမင်္ဂလာပါ ကျွန်မတားဆေး marveloon 28 သောက်ပါတယ်ရှင့် ဆေးနံပါတ် ၁၅ သောက်ရမှာ ၂၀ ကိုသောက်လိုက်မိပါတယ်ရလာရှင့်သိချင်လို့ပါ

ဆေးသောက်နေသူ အသက် မသိ။ ရာသီ မသိ။

၂။ ဆရာရှင့် ကိုယ်ဝန်တားဆေးများကို ဆေးကဒ်နောက်ကျောပါ နံပါတ်စဉ်အတိုင်းမသောက်ဘဲ ရပါသလားရှင့်။ တနေ့တလုံး ၂၁လုံးပြည့်အောင်သောက်သွားရင် ရပါသလားရှင့်။

ဆေးသောက်နေသူ အသက် မသိ။ ရာသီ မသိ။

မေးခွန်းတွေက နမူနာသာဖြစ်တယ်။ ဒီမေးခွန်းကို ခဏခဏတင်ထားပြီး။ စာရိုက်သူတွေ အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံး၊ စာနဲ့ ဂဏန်းကို တကွက်မခြာပဲရိုက်ကြသူတွေက အတော်ကို များတယ်။

ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်။ ၁-၂-၃ နံပတ်တွေ၊ မြားတွေ (မျှား မဟုတ်)၊ တနင်္ဂနွေ တနင်္လာတွေ၊ လက်ညှိုးပုံတွေက ဆေးသောက်သူ မှတ်ရတာလွယ်စေအောင် လုပ်ပေးထားတာသာဖြစ်တယ်။

၂၈ လုံးပါတာဖြစ်ဖြစ် ၂၁ လုံးပါတာဖြစ်ဖြစ် တနေ့တလုံးသာဆေးအရောင်တူတာကို မှန်မှန်သောက်ရတယ်။

Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး