Vitamins ဗီတာမင်ဝယ်ချင်သူများ မေးရမည့် မေးခွန်းများ

မင်္ဂလာပါဆရာ အသက်က ၃၇ ကျမ အမပါ အိမ်ထောင်ရှိ ကလေးတယောက်အမေ ပေါင်ချိန် ၁၀ဝ ဝန်းကျင် အရင်က ၁၂၅ ပေါင်ရှိပါတယ် ပင်ပန်းပြီး ဝိတ်ပြန်မတတ်တော့လို့ အားဆေးသောက်ချင်လို့ ပါ

မေးခွန်းကို ဖေါင့်ပြောင်းဖတ်ရတယ်။ သတ်ပုံနည်းနည်း ပြင်လိုက်တယ်။

၁။ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ကိုက်ညီမဲ့ ဗီတာမင်တွေက ဘာလဲ

၂။ ဘယ်ဗီတာမင်ဆေးတွေက ဟာဘယ် ခေါ် အသီးအရွက်တွေကနေ ထုတ်လုပ်ထားတာလဲ

၃။ အသက်ကြီးသူတွေနဲ့ သင့်တော်မဲ့ ဗီတာမင်ဆေးတွေက ဘာတွေလဲ

၎။ စားတာသောက်တာတွေနဲ့ အဆင်ပြေမဲ့ ဆပ်ပလီးမင်း ခေါ် အားဖြည့်ဆေးတွေက ဘာတွေလဲ

၅။ ပရိုဘိင်အော်တစ်တွေနဲ့ အင်ဇိုင်းဆေးတွေက ဘာတွေလဲ

၆။ အသက်ရ အမျိုးသားများအတွက် လိုအပ်တဲ့ဗီတာမင်ဆေးတွေက ဘာလဲ

၇။ အသက်ရ အမျိုးသမီးများအတွက် လိုအပ်တဲ့ဗီတာမင်ဆေးတွေက ဘာလဲ

ကိုယ်ဘာဖြစ်နေလို့ ဘာလိုသလဲ သိပါ။ ဘယ်တံဆိပ်က စစ်မှန်လောက်သလဲ သိပါ။ တယောက်နဲ့တယောက် လိုတာ မတူပါ။ တယောက်တည်းမှာတောင် တချိန်နဲ့တချိန် လိုအပ်တာ မတူပါ။ သူများပြောတိုင်း မယုံပါနဲ့။ ကြော်ငြာကောင်းတိုင်း မယုံပါနဲ့။

1. Tonics for Children ကလေးအားဆေး https://doctortintswe.blogspot.com/2017/06/tonics-for-children.html
2. Prenatal capsule ကိုယ်ဝန်ဆောင်အားဆေး https://doctortintswe.blogspot.com/2014/11/pregnancy-prenatal-capsule.html
3. Prenatal Vitamins ကိုယ်ဝန်ဆောင်အားဆေး အကောင်းနဲ့ အဆိုး https://doctortintswe.blogspot.com/2016/04/prenatal-vitamins.html
4. Probiotics ပရိုဘိုင်အောတစ် https://doctortintswe.blogspot.com/2015/07/probiotics.html
5. Obimin and Omega-3 (အိုဗီမင်) နဲ့ (အိုမီဂါ သရီး) https://doctortintswe.blogspot.com/2016/06/obimin-and-omega-3.html
6. Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် https://doctortintswe.blogspot.com/2017/11/omega-kids.html
7. Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/2017/05/omega-3-and-pregnancy.html
8. Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html
9. Calcium အမျိုးသမီး နဲ့ ကယ်လ်စီယမ် https://doctortintswe.blogspot.com/2016/02/calcium.html
10. Furamin BC သံဓါတ်အားဆေး https://doctortintswe.blogspot.com/2014/11/iron-supplements.html
11. Folic acid ဖေါလစ်-အက်စစ် http://doctortintswe.blogspot.com/2014/11/folic-acid.html
12. Tonics အားဆေး https://doctortintswe.blogspot.com/2014/11/tonics.html
13. Centrum အားဆေး https://doctortintswe.blogspot.com/2016/11/centrum.html
14. Iron သံဓါတ် https://doctortintswe.blogspot.com/2017/04/iron-supplements.html
15. Liver Tonics အသဲအားဆေး https://doctortintswe.blogspot.com/2018/09/liver-tonics.html

ကြော်ငြာဆေးလည်း အများကြီး။ ဒေါက်တာအမျိုးသမီး၊ ဒေါက်တာအမျိုးသား၊ ဒေါက်တာယိုးဒယား၊ ဖြည်စွက်စာဆိုသောဆေး၊ ဂျင်မ်သုံးဆေး၊ ဘယ်က ထုတ်ဆိုတဲ့ဆေး၊ ဂျပန် အမေရိကန်ကဆိုတဲ့ဆေး၊ ဖြေရတာ အားနာရတာတွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး