အခု ပိုဆိုးတယ်

(စ) ကျွန်မတို့တစ်တွေ စာရေးနေကြတယ်ဆိုတာ အဖြူပေါ်အမည်းတင်ပြီး စောင်ရေတွေအများကြီး ရိုက်နှိပ် ဖြန့်ဖြူးတဲ့ ခေတ်မှာ စာရေးနေကြတာမို့ ကျွန်မတို့တစ်တွေရေးခဲ့တဲ့စာတွေဟာ (ဆုံး) စသဖြင့် လူထုဒေါ် အမာရေးတဲ့ စာရေးကြတယ်ဆိုတာကို ဖတ်ရတယ်။

ဖတ်ရတာ အတော်ကို အဆင်မပြေပါ။ ကျွန်မတို့တစ်တွေဆိုတာ ကျမတို့ အဆင့်တစ်ရှိသူတွေလားလို့ စဉ်းစားမိတယ်။ ကန်တော့။ ဆောရီး။

ကျွန်တော် လူထုဦးလှကို ကောင်းကောင်းမီလိုက်တယ်။ ဟောတာပြောတာလည်း နားထောင်ရတယ်။ သူ့စာအုပ်တွေ တော်တော်များများကို ဖတ်ဖူးတယ်။ လက်ထဲမှာ မူရင်းစာအုပ်တချို့လည်းရှိတယ်။ တို့တတွေလို့သာ ရေးပါတယ်။

ကြီးပွါးရေးတိုက် ၂၀၀၀ ပြည့် ဇွန်ထုတ်မှာ ၈- ၆- ၁၉၉၉ နေ့စွဲနဲ့ မောင်ထင်က ကြီးပွါးရေး လူထုဦးလှလို့ ရေးတာမှာလည်း တတွေကို မလိုအပ်ပဲ တစ်မလုပ်ပါ။

(စ) အမျိုးသားရေး နိုးကြားမှုသည် ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို မြန်မာတနိုင်ငံလုံး အများစု ကောလိပ် ကျောင်းသား၊ အထက်တန်းကျောင်းသား၊ အလယ်တန်းကျောင်းသား (အချိုUဒေသတွင်) မူလတန်းကျောင်းသား များပင် ပါဝင်သော ကျောင်းသားပရိသတ်တို့က တခဲနက် သပိတ်မှောက်ကြသည့် ၁၉၂၀ ပြည့်နှစ် ပညာရေး အရေးတော်ပုံတရပ်မှ စတင်ပေါ်ပေါက်သည်။ ထိုပညာရေးကိစ္စမှ အစပြု၍ တနိုင်ငံလုံးတွင် လွတ်လပ်ရေးကို ဦးတည်သော နိုင်ငံရေး ကြိုးပမ်းမှုကြီးတရပ် ထွန်းကားလာသည်။ ထို့ကြောင့် သမိုင်းဆရာတို့က ထိုအမျိုးသားရေး ဆိုင်ရာ ဥဿဟကြီးကို တနိုင်ငံလုံး၏ အမျိုးသားရေး ကြိုးပမ်းမှုဟူ၍ အသိအမှတ် ပြုကြသည်။

ထိုခေတ်ဦးတွင် ကျွန်တော်တို့ လူပျိုပေါက်အရွယ်သို့ ရောက်လာကြသည်။ ယခုခေတ်၌မူ လူပျိုပေါက် အပျိုပေါက်တို့ကို မျိုးချစ်စိတ်ဓာတ်ဖြင့် အင်္ဂလိပ်ဝေါဟာရကို မှီး၍ ဆယ်ကျော်သက်ဟု ခေါ်ကြသည်။ ဆယ်ကျော်သက်ဆိုသည်မှာ တဆယ်ကို ကျော်သလား၊ နှစ်ဆယ်ကို ကျော်သလား၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်ကို ကျော်သလား အတိအကျ မသိပါ။ အားလုံးရောကျော် ဖြစ်နေ၍ အသက်တရာ မပြည့်သေးလျှင် ဆယ်ကျော်သက်ဟူ၍ မှတ်ယူရန် ရှိပါသည်။ (ဆုံး)

လူထုဦးလှနဲ့ မောင်ထင်ခေတ်က မြန်မာစာနဲ့ ဒေါ်အမာခေတ်ကမြန်မာစာ ခြားနားတယ်။ ဆောရီး။ အခု ပိုဆိုးတယ်။ ဆောရီး။

ကြီးပွါးရေး လူထုဦးလှ ရေးသူ- မောင်ထင် http://mayaonlinemagazine.blogspot.com/2009/11/blog-post_11.html

ဒေါက်တာတင့်ဆွေ
၂၃-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး