သီတင်းကျွတ် သင်ပုန်းကြီး

လာပြန်ပြီ နောက်အမှားတမျိုး။ အရမ်းခင်မင်ရသော သူငယ်ချင်းများထံ ပြန်ပို့ပေး၍ သတင်းဝါကျွတ်မှာ ပျော်ရွှင်နိုင်ပါစေ တဲ့။ သတင်းလို့ရေးတာ မှားတယ်။ အဲတာမှားကြောင်းတင်ထားတာ လွန်ခဲ့တဲ့ ၂၄ နာရီလောက်က။

သီတင်းကျွတ်လ၊ သီတင်းသုံးသည်၊ သီတင်းသီလယူသည်လို့ ရေးတယ်။

အရင်အမှားတွေပါတဲ့ ဆုတောင်းစာကိုလည်း တယောက်ပြီးတယောက် လျှောက်ပို့နေကြတယ်။ ၂ နှစ် ၃ နှစ်ရှိပြီ။

သိတင်းကျွတ်ရာသီမှာတဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ အစဉ်ကြံစဉ်သမျှတဲ့။ ကြံစည်သမျှလို့ ရေးရတယ်။ အလှူရေစက် လက်နှင့်မကွာ လှူတန်းနိုင်ခြင်းတဲ့။ လှူဒါန်းသည်က ကြိယာ၊ အလှူအတန်းက နာမ်။

သတင်းကျွတ်တဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ သတင်းဆိုတာ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း။ အခါသမရတဲ့။ အခါသမယလို့ ရေးရတယ်။

ဝါလကင်းလွှတ်တဲ့။ ဝါလကင်းလွတ်လို့ ရေးရတယ်။ ချမ်းမြေ့ပျှော်ရွှင်ပါစေတဲ့။ ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ရေးရတယ်။ ရှစ်ခိုးကန်တော့ပါသည်ရှင့်တဲ့။ ရှိခိုးလို့ ရေးရတယ်။

အမှားတွေ မရေးသင့်။ အမှားတွေ မဝေသင့်။ အမှားတွေ မလုပ်သင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး