နားလည်ယောင်ဆောင်ကြခြင်း

ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဘုရားသခင်အစားပေးပါစေရှင့်

ကျေးဇူး။ ဆုတောင်းစကားတော့ နားမလည်။

အိန္ဒိယမှာနေခဲ့စဉ်က ခရစ်ယန်ဘာသာဝင် တိုင်းရင်းသားလူမျိုးတွေနဲ့ အကြာကြီး နေခဲ့ရတယ်။ သူတို့ရွတ်ဆိုကြတဲ့ ဆုတောင်းကြတဲ့ မြန်မာလိုတွေ တချို့ကို နားမလည်ပါ။

ဗုဒ္ဓဘာသာ ရွှေဗမာဆိုသူတွေ ပို့ကြ ရေးကြတဲ့ စာတွေ တရားတွေ ဆုတောင်းစာတွေတချို့ကိုလည်း နားမလည်ပါ။

မီဒီယာမှာ အယ်ဒီတာတွေ သတင်းထောက်တွေရေးတာတချို့ကိုလည်း နားမလည်ပါ။

ကျွန်တော်တို့တတွေ နားမလည်တာတွေနဲ့ နေထိုင်လာတာ ကြာနေပြီ။ ဖြည့်တွေး ဖြုတ်စဉ်းစားဆိုတာ မမှန်တတ်ပါ။

ဘယ်တော့မှာ သဒ္ဒါနဲ့ စာလုံးပေါင်းသတ်ပုံတွေ မှန်အောင် ရေးသားကြ ပြောဆိုကြ ဆုတောင်းကြမလဲ။

အယောင်ဆောင်သူများဟာ တစတစနဲ့ ပျက်သုဉ်းကြသတဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး