စကားမြား

စကားတခွန်း
ပျားတဇွန်းလို
ကြည်ချိုမွှေးမြ
ဖေးမသလား။

စကားတလုံး
အဆိပ်ပုံးထင်
နားဝင်မချို
ရန်လိုသလား။

လူပြောမသန်
လူသန်မပြော
ဟောသည်မှာကြည့်
ပစ်ကွင်းထိအောင်
တော်တည့်ဖြောင့်မှန်
ဟိံ....သစ္စံ
အမှန်တရား
စကားမြားသည်
မှားသူ့ရင်ကို စိုက်စေသတည်း။

မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာကို သတ်ပုံမူရင်းအတိုင်း တင်ထာတာတွေ့တယ်။ ကျေးဇူး။ ကွန်ဂရက်ကျူလေးရှင်း။

ခုခေတ်မှာ တ မြင်တာနဲ့ စသတ်ကြပြီ။ မြားကိုလည်း ဟထိုးထည့်ကြသည်။

မြန်မာစာ မြားချက်ထိတာ နာသည်။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး