Etiquette ယောက်ျားလေး မိန်းကလေး အမျိုးသား အမျိုးသမီး

အသက် ၅၅ နှစ် ယောင်္ကျားလေးပါလို့ ရေးမေးတယ်။ ဒီအသက်အရွယ်မှာ အမျိုးသားလို့ ရေးသင့်တယ်။ ယောင်္ကျားဆိုတာ ယောင်ကျား။ မှားရေးသူတွေ မနည်းပါ။

သွေးဆုံးပြီးသူတွေကလည်း မိန်းကလေးလို့ရေးကြတယ်။ မှားရေးသူတွေ မနည်းပါ။

မိန်းမဆိုတာက အိမ်ထောင်သည် ဇနီးကိုခေါ်တယ်။ ယောက်ျားကလည်း အိမ်ထောင်သည် ခင်ပွန်း။ ကျွန်တော့မိန်းမ၊ ကျမယောက်ျား ဆိုတာထက် ဇနီး၊ ခင်ပွန်းက ယဉ်ကျေးတယ်။

ကျား မ ဆိုတာက လိင်အမျိုးအစားကိုပြောတာ။

အသက် ၄၀ ကျော်တွေကလည်း သား တဲ့။ အသက် ၅၀ ကျော်တွေကလည်း သမီး တဲ့။

ဆရာဝန်ကိုလည်း အမျိုးစပ်မခေါ်သင့်။ အနုပညာရှင်တွေကိုလည်း အမျိုးစပ်ခေါ်တာ မသင့်ပါ။

သင့်မှန် ယဉ်ကျေးတဲ့ အခေါ် အသုံးတွေကို သူ့နေရာနဲ့သူ သုံးသင့်ကြပါတယ်။

ယဉ်ကျေးလိမ်မာဆိုတာ ကလေးတွေ လူငယ်တွေသာမက လူကြီးတွေပါလိုအပ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး