အရောင်တွေမှာအရှေ့က အ အက္ခရာဘာကြောင့်ထည့်တာလဲခင်ဗျ။ ပြီးတော့ လိမ္မော်ရောင်၊ ပန်းရောင်၊ ခရမ်းရောင် စတဲ့အရောင်တွေကျတော့ဘာကြောင့် အ အက္ခရာမပါရပါသလဲခင်ဗျ။ တချို့ဒေသတွေမှာ ပန်းရောင်ကို အပန်းရောင်လို့ ခေါ်နေကြတာတွေ့လို့ပါ။ ကျေးဇူးပြု၍ရှင်းပြပေးပါ။

အ ထည့်ရင် ကြိယာစာလုံးတွေက နာမ်ဖြစ်တာတွေရှိတယ်။ သွားသည် အသွား၊ စားသည် အစား။ အိပ်သည် အအိပ်။ အားလုံးတော့ မဟုတ်။ အ ပါစာလုံးအတော်များများက နာမ်။

အကောင်၊ အကျိုးကျေးဇူး၊ အကြေအရပ်၊ အကြောအခြင်၊ အကြောင်းတရား၊ အကြိတ်အနယ်၊ အခရာ၊ အချိန်အခါ၊ အခင်းအကျင်း၊ အချက်အချာ၊ အချေအတင်၊ အခိုင်အမာ၊ အချို့၊ အချက်အလက်၊ အချိန်၊ အချည်းနှီး၊ အချိတ်အဆက်၊ အခြား၊ အခြေခံ၊ အခွံ၊ အခြင်းအရာ၊ အခြောက်တိုက်၊ အငွေ့၊ အငြိမ့်၊ အစာ၊ အစီရင်ခံစာ၊ အစေ့၊ အစိုင်အခဲ၊ အဆိပ်၊ အဆစ်၊ အဆီ၊ အဆံ၊ အစိမ်း၊ အညတရ၊ အညမည၊ အဆိပ်၊ အဆုတ်၊ အဓိပတိ၊ အရသာ၊ အမှိုက်၊ အရိယာ၊ အရုဏ်ဆွမ်း၊ အလကား၊ အလ္လာပ သလ္လာပစကား၊ အလံ၊ အလောင်းအလျာ၊ အလိုအလျောက်၊ အသည်းစွဲအချစ်၊ အဖိုးအခ၊ အသူတရာ၊ စသည်။

အရောင်တွေမှာ အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အညို၊ အစိမ်း၊ အနက်၊ အမည်းတို့မှာ အ ထည့်တယ်။ ဒါပေမဲ့ ရွှေရောင်၊ လိမ်မော်ရောင်၊ မရမ်းရောင်၊ ခရမ်းရောင်၊ မောင်းသောအရောင်၊ ဘော်ငွေရောင်။ ခဲရောင်တွေမှာ အ မထည့်ပါ။

အ ထည့်လို့ ပြောင်းပြန်ဖြစ်တာလည်းရှိတယ်။ အမင်္ဂလာ၊ အဂါရဝ၊ အကုသိုလ်၊ စသည်။ တကယ်လို့ အရောင်မှာ အ ထည့်ရင် အဲလိုသဘော ဖြစ်နိုင်တယ်။

အရပ်မျက်နှာ။ တည်နေရာကို ပြောတာမှာ နောက်ကလို့သာရေးရမှာကို အနောက်ကလို့ ရေးကြတာ မှားတယ်။

အချိန်ရသလောက်သာ ရေးပါတယ်။ လိုတာတွေ ရှိဦးမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး