ပန်းဆိုသည်မှာ

ပွင့်ချိန်မှာပွင့်၊ ရင့်ချိန်မှာကြွေ
မဆန်းချေ။

တရက်မျှသာ၊ ပွင့်ရပါလည်း
ချမ်းသာပျော်ရွှင်၊ ပွင့်မည်ပင်။

ပွင့်ရသည့်ခိုက်၊ အဖိုးထိုက်၏
အမြိုက်အရသာ မှန်သည်ပင်။

ကြွေချိန်ကိုတွေး၊ တဆွေးဆွေးနှင့်
ငေးမောနေက၊ ပွင့်သစ်စတွင်
ရသဘယ်မှာ ရှိတော့အံ့။

ပွင့်ချိန်ကျလျှင်
လှလှပပ၊ ပွင့်ပါမှ။

ကြွေချိန်ရောက်လျှင်
မကြေက်ရွံ့ပဲ၊ ကြွေရမြဲကို
ရဲရဲကြွေကျလိုက်ပါမှ။

ပန်းမျိုးဖြစ်လျှင်
ပွင့်သစ်ရမည်၊ ကြွေရမည်။

တစက္ကန့်မျှ၊ ပွင့်ချိန်ရလျှင်
လှလှပပ ပွင့်ပလေ။

လူသားအားလုံး ပန်ပါစေ။ (တင်မိုး)

ဒေါက်တာတင့်ဆွေ
၂၀-၉-၂၀၁၉
သတ်ပုံမှန်အတိုင်တင်ပေးတဲ့ Siran Ti Ttu ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး