နားမကြားလည်း ကလို့ရပါတယ်

မင်္ဂလာပါဆရာရှင် ကျွန်မစကားအမှားပါရင် ခွင့်လွတ်ပေးပါဆရာ ကျွန်မနားက နားပြည်ယိုလိုက် သွေးထွက်လိုက် ဖြစ်ပါတယ် ဆရာဝန်နဲ့ပြတော့ နားစည်ပေါက်တယ် ပြောပါတယ်ဆရာ ကျွန်မအခုနားက အသံတိုးရင် ဘာမှ မကြားရဘူးဆရာ အဲဒါကျွန်မ ဘယ်မှာဆေးကုပြကမလဲဆရာ ဆရာရဲ့ ဆေးခန်းနဲ့ ထိုင်တဲ့အချိန်နဲ့ ဆေးခန်းကို ပြောပြပေးပါလားဆရာ ကျေးဇူးတင်ပါတယ်ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဆရာရှင့် ကျွန်မ မသိလိုပါရှင် တောင်းပန်ပါတယ်ရှင် ဆရာကျွန်မအသက် ၄၃ နှစ်ပါ နားဖြစ်တာ အပျိုထဲက ဖြစ်နေတာပါဆရာ ကြာလဲကြာနေပြီဆရာ အိမ်ထောင်ရှိပါတယ် ကလေးတယောက်ရှိပါတယ်ဆရာ အခုကျွန်မနားက အသံတိုးရင် မကြားကပါဘူးဆရာ ကျွန်မနားကို ဘယ်လိုလုပ်ကမှန်းမသိလို့ ဆရာရှိရိုသေစွာမေးကြည့်တာပါဆရာ ဆေးခန်းတွေပြတော့ နားစည်ပေါက်နေတယ် ပြောတယ်ဆရာ ကျွန်မနားက နှစ်ဖက်လုံး သိပ်မကြားရဘူးဆရာ ကျွန်မကို ဘယ်လိုလုပ်ကမလဲ ပြောပြပေးပါဆရာ ကျေးဇူးတင်ပါတယ်ရှင်

Perforated eardrum နားစည်ပေါက်ခြင်း https://doctortintswe.blogspot.com/2017/04/perforated-eardrum.html

နားစည်ပေါက်ခြင်းလင့် ပို့ထားပြီး။

ဘယ်လိုလုပ်ကမှန်းမသိလို့ရေးခြင်းဟာ နားကောင်းကောင်းမကြာရလို့ စင်ပေါ်တက် ကလို့မရသလား စဉ်းစားရတယ်။ ဘယ်လိုလုပ်ရမှန်း မသိလို့သာ ရေးရတယ်။ ရေးတာက မကြားကပါဘူး၊ ဘယ်လိုလုပ်ကမှန်းမသိ၊ နေရာဖြစ်လို့ က နဲ့ ရ မှားရိုက်တာမဟုတ်လောက်။ က နဲ့ ရ အသုံးကို နားမလည်တာသာ ဖြစ်မယ်ထင်တယ်။ အဲလိုမှားရေးတာတွေ မကြာမကြာ လာတယ်။

ကနေကြသော ဆရာမများသို့ https://doctortintswe.blogspot.com/2019/05/blog-post_680.html

ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ https://doctortintswe.blogspot.com/2019/09/blog-post_52.html

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

အလွန်ကသော မြန်မာစာ

၁။ တကယ်တော့ ဒေသတခု လူတဦးတယောက်ရဲ့ ထွင်ထားတဲ့စကားလုံးဖြစ်နိုင်ပါတယ်ဆရာ ရုပ်ရှင်မင်းသာ့း့ ပြောသလို လုပ်ကမယ် သွားကမယ် ကူညီကမှာပေါ့ အတုယူမှားတာသာဖြစ်နိုင်ပါတယ်ဆရာ

၂။ ဒေသ မတူတော့ စကားသံ မတူတာဖြစ်မှာပါဆရာ။ အသံအတိုင်းပဲ ရေးဖြစ်လို့ဖြစ်မယ်။ ကျွန်တော်လဲ အညာသားပါ က ကို စကားပြောတဲ့အခါ က သံ ထွက်ပါတယ်။ ရ သံ မထွက်ဖြစ်ပါ။ ဘာလုပ်ရမလဲ လို့ အသံမထွက်ပဲ။
ဘာလုပ်ကမလဲ လို့ အသံထွက်ဖြစ်ပါသည်။ ကျေးဇူးပါ။

စာရေးသူက အသံဖိုင်ပို့တာ မဟုတ်ပါ။ စာနဲ့ရေး မေးတာ။

၃။ သို့သော်လဲ က ကို နှုတ်ဆွဲနေသည့်အခါ စာရေးသော အချိန် က ကို သုံးမိခြင်းထင်ပါတယ် ဆရာ။

အရင်က အဲလိုရေးတာတွေရှိတယ်။

၁။ ယားလို့ပွတ်လိုက်မိတာ အခုစပ်ဖျင်းဖျင်းနဲ့ခံစားနေကလို့ ကြာပြီ ဘာဆေးလုပ်ကမလဲ အသက်က ၂၄ပါ အိမ်ထောင်သည်ပါ

၂။ ရကောက်နေရာမှာ ကကြီးထည့်သုံးကြတယ်ဆရာ။ ကျောင်းကဆရာမများ ကိုယ်တိုင်က သုံးနေကြတာပါ။ ဥပမာ အိမ်စာတွေ မလုပ်ကသေးရင် မနက်ဖြန်အပြီးလုပ်ထားနော် ဆိုတာမျိုးပါဆရာ။

၃။ သင်္ကြန်မတိုင်ခင် ကလေး အမေတယောက်က ကလေးနေမကောင်းလို့ မေးတယ်။ သင်္ကြန်လည်း နီးပြီဆရာ ဘယ်လိုလုပ်ကမလဲတဲ့။ ကလေးချီထားပြီးကပါလို့ ဖြေလိုက်ချင်မိတယ်။ သားချော့တီးလုံးဆိုတာရှိတယ်။

မြန်မာသဒ္ဒါမှာ နာမ်ဝိဘတ်နဲ့ ကြိယာဝိဘတ်ရှိတယ်။

နာမ်ဝိဘတ် ၁၇ မျိုးရှိတယ်။
• သည်၊ က၊ မှာ = ကတ္တားဝိဘတ်
• ကို = ကံဝိဘတ်
• မှ၊ က = ထွက်ခွါရာပြဝိဘတ်
• သို့ = ရှေ့ရှုရာပြဝိဘတ်
• သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင် = ဆိုက်ရောက်ရာပြဝိဘတ်
• ဖြင့်၊ နှင့် = အသုံးခံပြဝိဘတ်
• ကြောင့်၊ ဖြင့် = အကြောင်းပြဝိဘတ်
• အား = လက်ခံပြဝိဘတ်
• ၌၊ မှာ၊ တွင်၊ ဝယ်၊ က = အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
• ၏ = ပိုင်ဆိုင်ခြင်းပြဝိဘတ်
• အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ၊ နှင့်အညီ၊ နှင့်အမျှ = လိုက်လျောပြဝိဘတ်
• နှင့်၊ နှင့်တကွ၊ နှင့်အတူ = ယှဉ်တွဲပြဝိဘတ်
• တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ = ခွဲထုတ်ရာပြဝိဘတ်
• ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက် = ရည်စူးချက်ပြဝိဘတ်
• တိုင်တိုင်၊ တိုင်အောင် = နေရာဆက်ပြဝိဘတ်
• တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး = အချိန်ဆက်ပြဝိဘတ်

က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
မှ =  ထွက်ခွါရာပြဝိဘတ်

သပြေကုန်းရွာက ကြိုဆိုပါ၏ကသာ သဒ္ဒါအရမှန်ပါတယ်။ မှားလေ့ရှိတာဟာ က ကို စကားအသုံးလို့သာ ထင်မှတ်လို့ ဖြစ်ပါမယ်။ အင်္ဂလိပ်လိုရေးတာမှာလည်း Welcome to လို့သာရေးရမှာကို Welcome from လို့မှားတတ်ကြတယ်။

တချို့က ဥပမာ ယောနယ်မှာသုံးတယ်စသဖြင့်ပြောလာကြတယ်။ ယောနယ်မှာ သင်ပုန်းကြီးနဲ့ မြန်မာစာဖတ်စာ စာအုပ် သီးသန့်နဲ့ မသင့်ပါ။

သမီးရည်စား လင်မယား ဖရင်းတွေ နားလည်းသလိုရေးတာ ပြောရန်မရှိ။ အခုဟာက ကိုယ့်ကျန်းမာရေးအတွက် ဆရာဝန်ဆီကို စာရေးတာ။

စာမှာ သဒ္ဒါဆိုတာ အဆောက်အဦတခုရဲ့ အုတ်မြစ်လိုပဲ။ ယိုင်နဲ့လာရင် ပြိုပျက်ကျမယ်။ မြန်မာစာဗိမာန်ကြီး ရေရှည် တည်တန့် ခိုင်မြဲပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး