နက်ဖြန် သို့မဟုတ် ဘယ်သောအခါ

ဆရာရှင့် မနက်ဖြန် လို့ရေးတာကို မနက်ဖန် လို့ ငြင်းနေပါတယ် ဆရာ ဘယ်ဟာကအမှန်ပါလဲရှင်။

ဖန်
ကုလားဖန်ထိုး
ချိုချဉ်စပ်ငန်ဖန်ခါး
စကားဖန်ထိုး
တရံတဖန်
ကြိမ်ဖန်များစွာ
ဖန်ခွက်
ဖန်ခါးသီး
ဖန်ခုန်ကစား
ဖန်ဆင်း (ဘန်ဆင်း)
ဖန်တွတ်တွတ်အရသာ
ဖန်တလီဖန်တလာ
ဖန်တီးသည်
ဖန်ဘူး (ဖန်ဗူး)
ဖန်မှန်
ဖန်ရည်စွန်းသင်္ကန်း
ဖန်ဝန်းနေခြည်
ဖန်ဆေး (အနာ)
မျက်စိဖန်သည်
ဝါဖန်သည်
အလုံးအဖန်
ဝေဖန်

ဖြန်
နက်ဖြန်
ကြားဖြန်သည်
ဖြန်ဖြေသည်
ဒွေးချိုးသဖြန်
ဖြေဖြန်သည်

စကားအရာမှာတော့ နက်ဖန်လို့ပြောကြပေမယ့် နက်ဖြန်ကသာ စံကိုက်သတ်ပုံဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး