ခရမ်းချဉ်

အလေ့ကျပေါက်နေတဲ့ ခရမ်းချဉ် နှစ်ပင်ကနေ အသီးခြောက်လုံးသီးနေပြီ။ နေ့တိုင်းထွက်ကြည့်တယ်။ တနေ့က မိတ်ဆွေ တယောက်အိမ်က ကိုယ်တိုင်စိုက်ထားတဲ့ ခရမ်းချဉ်းသီးတွေပေးလိုက်တယ်။ ကျေးဇူး။ အော်ဂဲနစ်ဖြစ်လို့ ဟင်းချက်တဲ့သူက စာဖွဲ့တယ်။ ထောပတ်ခဲ လှီးရသလိုပဲတဲ့။ စားတာတော့ ပြောမနေနဲ့ ဒါးနဲ့ကို ကောင်းမှန်းသိရသတဲ့။

အခုပဲ ခမ်းချဉ်သီးဟင်းချက်တဲ့သူက လာပြောတယ်။ ခရမ်းချဉ်သီးပင် ပိုင်ရှင်ပေါ်ပြီတဲ့။ ယုန်ကလေးတကောင်က ဖြတ်ဆွတ်ယူ မြေကြီးထဲတွင်းတူးပြီး မြှုပ်နေတာ မြင်ခဲ့ရသတဲ့။ သူတို့အတွက် ဆောင်းမှာ အစာခက်တယ်။ ကိုယ်စားရတာထက် အရသာရှိတယ်။

ယုန်ကလေးက နားရွက်ထောင် ဆောင်းတွင်းစာကို သူသိုလှောင်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး