ကင်းဝန်မင်းကြီး မေတ္တာစာ


မြန်မာသတင်းစာဆရာခင်ထံ တတိယပေးစာ

၁၂၃၆ ခု ကဆုန်လဆန်း ၇ ရက်နေ့ သီဟိုဠ်ကျွန်းစင်း ခေါ်သည့် မီးသင်္ဘောပေါ်တွင် ရေးသည့်စာ။

၎င်းပင်လယ်အတွင်း ဘုရားရွှေဘုန်းတော်မြတ်ကြောင့် လှိုင်းလေမရှိ ချမ်းချမ်းသာသာ ခြောက်ည ခုနစ်ရက်နှင့် သီဟိုဠ်ကျွန်း ဂါလုမြို့ ယခု ဂေါ ခေါ်သည့်ဆိပ်ကမ်းသို့ ဆိုက်ရောက် တညရပ်ဆိုင်း နားနေလှည့်ပတ် ကြည့်ရှုကြပါသည်။   ။ သည်ကိုရည်၍ -

စင်္ကာမြို့က၊ ရှေ့သို့ကိုရည်ခဲ့သော်။
စေလံဂျန်းနှင့် မှန်းလိုက်ရင် တူရူဝယ်ပ၊ ပြန့်ပြင်ကျယ် ပင်လယ်ကွေ့ငယ်၊ ဘေးအောက်ဘင်္ဂေါ်။
ရက်မချန် စက်ပျံစင်းနှင့်၊ လျင်ပြင်းချီခဲ့ ထွက်တော့ခါ၊ လှိုင်းလေယက်မျှမပေါ်၊ ဘုန်းတော်ကြောင့်ကြည်ဧး။
ဂေါဂါလု သာနုပျော်ဘွဲ့စေ၊ သည်မြေမှာ တန်ငယ်လင့်လို့၊ မြှော်သင့်ရာမြှော်တော့ခါ၊ ပြည်တော်ကို ရည်ရော်မိသည်နှင့်၊ သဲခင်ထိတွေး။ ဟူ၍ ဘွဲ့ဆို စီကုံးလေသည်။

၁၂၃၆ ခုဆိုတာ ၁၈၇၄ ခုနှစ်ဖြစ်ပါတယ်။ စင်္ကာမြို့ဆိုတာ စင်္ကာပူ။ ဘေးအောက်ဘင်္ဂေါ်ဆိုတာ ဘင်္ဂလားပင်လယ်အော်။

မြှော်သင့်ရာမြှော်တော့ခါ နဲ့ တညရပ်ဆိုင်းသတ်ပုံတွေ သတိထားသင့်ပါတယ်။

ကင်းဝန်မင်းကြီး မေတ္တာစာ

မြန်မာသတင်းစာဆရာခင်ထံ တတိယပေးစာ အဆက်

၁၂၃၆ ခု ကဆုန်လဆန်း ၇ ရက်နေ့ သီဟိုဠ်ကျွန်းစင်း ခေါ်သည့် မီးသင်္ဘောပေါ်တွင် ရေးသည့်စာ။

ဆယ်ရောင်ပြိုင် ဂီရန်မှူး၊ ရှည်ကြူးစံတဲ့မြေ။
သည်ကထွက်ခဲ့ရင်၊ လှိုင်းယက်ကယ်ရေပြင်မှာဖြင့်၊ ငွေသင်ဖျာ သာပြန့်ခင်းနှယ်သို့၊ မြင်တွင်းကြည်စဘွဲ့၊ စိမ်းလဲ့ယဉ်ထွေ။
ရှစ်ခွင်ကို မမြှော်ရက်ပါဘု၊ ဘော်မက်သူသဲ့ရွှေမှာကွယ်၊ ကွဲကြေဘွဲ့ စခန်း။
လင်္ကာကျွန်း၊ မြောက်ယွန်းထောင့်ခတ်ဆွယ်၊ တနယ် တပယ်ခွင်မို့၊ ဆိုက်မဝင် မြင်ယုံမျှငယ်၊ ဝေးကမျက်မှန်း။

တနယ် တပယ်ခွင်မို့ သတ်ပုံကို တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂၀၁၉

Comments