မြေစိုက် ထရံကာ ကပ်မိုးမှသည်

စက်တင်္ဘာ ၂၇ ရက်နေ့။ အဖွဲ့ချုပ် ခေါ် NLD ပါတီတည်ထောင်ခြင်း နှစ်ပတ်လည်နေ့။ ပါတီဌာနချုပ် ပဌမဆုံး တည်နေရာပုံလည်း တွေ့တယ်။ သတင်းစာဖြတ်ပိုင်းပုံလည်း တွေ့တယ်။ သတိရတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ ပါတီရုံးလေးတခု ဖွင့်ခဲ့ကြတယ်။ မြေစိုက် ထရံကာ ကပ်မိုး။ ပုံမရှိပါ။ အဲဒီကာလမှာ ဖလင်သုံး ကင်မရာလေးတလုံးတောင် မတတ်နိုင်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့ကြပါတယ်။

ကျွန်တော့်မွေးနေ့ရက်မှာ ပုလဲမြို့နယ်ပါတီရုံးသစ်အတွက် တတ်နိုင်တာသလောက်လေး အလှူငွေပို့လိုက်တယ်။

လာမဲ့ရွေးကောက်ပွဲမှာလည်း အနိုင်ရကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး