ဖေါင့်ကျမ္မာရေး

ဆရာခင်ဗျာ ကျမ္မာရေးနဲ့ မဆိုင်တဲ့မေးခွန်းလေးတခု မေးမြန်းခွင့်ပြုပါ။ မြန်မာ Unicode ကဘယ်လောက်ထိ အကျူံးဝင်ပါသလဲ တကယ်လို့များ နိုင်ငံရေး အမျိုးသားရေးတို့ကိုလုပ်နေတဲ့သူတွေအနေနဲ့ ယင်းယူနီကုတ်ကို အသုံးပြုသင့်ပါသလား မပြုသင့်ပါလားဆရာ။ ယူနီကုတ်အကြောင်းကိုစေ့စေ့စပ်စပ်မသိလို့မေးမြန်းရတာပါ ဆရာခင်ဗျာ။

ကျွန်တော်လည်း မသိ။ သိပ်နားမလည်။ မေးတာတွေ ဖြေမရ ဖြေတောတွေ မေးသူတွေကဖတ်မရတဲ့ အခက်အခဲကို နေ့တိုင်းကြုံနေရ။ အဆင်ပြေနေတာကို ဘာကြောင့် ခက်ခဲအောင်လုပ်သလဲ မေးနေမိ။ မလုပ်မနေရခိုင်းတဲ့ သိပ်မကြိုက်။

အရင်ဖေါင့်ပေါင်းများစွာပေါ်ခဲ့ပြီး။ ကိုယ်ကြိုက်တာရွေးသုံးနိုင်ခဲ့။ အခုက အဲလို မဟုတ်တဲ့။

မြန်မာစာသတ်ပုံမူကွဲတွေကို တရားမဝင်လုပ်ထားတယ်။ အဲလို အမိန့်နဲ့ခိုင်းတာ ပညာမဟုတ်။ နည်းပညာမဟုတ်လို့ ထင်တယ်။

ပိုကောင်းတာတွေရှိပါမယ်။ ကောင်းတဲ့သူတွေအတွက် ပိုကောင်းမယ်။ ကျွန်တော့်အတွက်တော့ ဒုက္ခ။ အချိန်ကလည်းမရ။ ဘုန်းတော်ဘွဲ့တွေတော့ နေ့တိုင်းဖတ်နေရ။

မကြာခဏ ဖြေပါတယ်။ လူတယောက်နဲ့တယောက် လိုအပ်ချက်မတူပါ။ ဆေးတမျိုးတည်းကို လူတိုင်းကို ညွှန်မရပါ။ ကျွန်တော့်မှာ အရေအတွက် တသောင်းကျော်စာတွေရှိတယ်။ ဘလော့ရှိတယ်။ ဖေါင့်စနစ်ပြောင်းရင် သုံးမရ ဖြစ်သလား စိုးရိမ်တယ်။ တချို့က ရပါတယ်တဲ့။ တချို့က မရလောက်တဲ့။ ဆရာတွေကလည်း အတော်ကိုများတယ်။ နည်းတွေ ပေးကြတာ အမျိုး ၂၀ ကျော်လောက်ရှိပြီး တူပုံလည်းမရ။

လူဆိုတာ ကောင်းတာ သင့်တာ လိုက်ရှာပြီး ဝယ်ကြ သုံးကြတယ်။ ကျွန်တော် အခုထိ ဆုံးဖြတ်ချက် မချနိုင်သေးပါ။

ဒီစာအောက်မှာ ယူနီကုဒ်ဘုန်းတော်ဘွဲ့ မရေးကြစေလိုပါ။ ဖျက်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး