အချိန်သည် မြန်မာစာကို စား၏

ဆရာက စာလုံးပေါင်း ဘယ်နေရာမှားလဲ အကုန်မြင်တယ်။ ကျမတောင် ရှက်မိတယ် မြန်မာစာဘွဲ့ရပြီး စာလုံးပေါင်း မှားသွားလို့။

မနေ့ကပဲ မြန်မာစာဂုဏ်ထူးရသူက ပြန်ရေးတယ်။ တွေ နဲ့ မှာ တို့မှာ ဝဆွဲနဲ့ ဟထိုးရိုက်တာ အချိန်ကုန်လို့တဲ့။ တေ နဲ့ မာ လို့သာ ရေးပါသတဲ့။

ကျွန်တော်တို့ခေတ်မှာ မြန်မာစာဂုဏ်ထူးရတယ်ဆိုတာ အလွန်ရှားတယ်။ မော့ကြည့်ရတယ်။ ချီးမွမ်းကြတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂၀၁၉

Comments