Chrome hp လက်ပ်တော့

ကျောင်းက အလုပ်အတွက်သုံးဘို့ရာ ဆရာတယောက် လက်ပ်တော့တခုစီ ထုတ်ပေးပါတယ်။ တနေ့က စာသင်ခန်းထဲမှာ ဆခရင်မ် နဲ့ ကီးဘုတ်ကို ဝိုပ် ခေါ် သန့်ရှင်းရေးသုံးစက္ကူနဲ့ သန့်ရှင်းတယ်။ ခဏနေတော့ လက်ပ်တော့မှာ မီးမလာတော့။

နောက်ရက်မှာ ကွန်ပြူတာဌာနတာဝန်ခံကိုသွားပြရတယ်။ တခဏလေးနဲ့ ပြန်ကောင်းသွားတယ်။ သင့်ခ်ယူး။ ခင်ဗျာ့ ကွန်ပြူတာက တခြားဆရာဆရာမတွေသုံးတာလိုမဟုတ် သန့်ရှင်းနေတယ် တဲ့။ သင့်ခ်ယူး။

မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြန်မာစာ ယူနီကုဒ်စာရိုက်နည်းကို မဖြစ်မနေသုံးရမယ် လုပ်နေတယ်။ အဲတာ သုံးလိုက်ရင် အရင်ကယူနီကုဒ်မဟုတ်တဲ့ဖေါင့်နဲ့ ရိုက်ထားတဲ့စာတွေ သုံးမရဖြစ်သွားမှာလား။

မသိဘူး။ ရီဆာ့ခ်ျလုပ်မှ သိမယ်။ သိချင်တာကို အီးမေးလ်သာ ပို့ပါ။ တညတည်းနဲ့ဖြေပါမယ် တဲ့။ ဟုတ်။

ဘယ်လိုဟာ ဘယ်အရာကို ပို့မေးရမလဲ မသိ။ မြန်မာယူနီကုဒ် လင့်တွေ၊ သင်ပေးတာတွေ၊ အကူအညီပေးပါမယ်တွေက အမျိုးပေါင်း ၂၀ လောက်ရှိမယ်။ ဒါတောင် လိုက်ရှာတာ မဟုတ်။ သွားရင်းဟန်လွဲ တွေ့တာတွေ။

Chrome hp လက်ပ်တော့မှာ ဘယ်မြန်မာဖေါင့်မှ သုံးမရပါ။

ကြည့်ရတာ ကျောင်းက အိုင်တီ အိပ်စပတ်က ကျွန်တော်တို့လူမျိုးတွေလောက် တတ်ပုံမရ။ သူက မက်စီကိုကနေလာတာ။

နည်းတွေ လာမတင်ကြစေလိုပါ။ ဆောရီး။ အရင်ပို့တာတွေလည်း လိုက်ဖျက်နေရတယ်။ ဘာလို့ အသင့်မှန်ဆုံး တမျိုးတစားတည်း မဖြစ်ရတာလဲ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး