Vaginal birth and Caesarean ဗိုက်ခွဲမွေးတဲ့ကလေး နဲ့ ရိုးရိုးမွေးတဲ့ကလေး ကွာခြားမှုရှိ

ကနေ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဗိုက်ခွဲမွေးတဲ့ကလေးတွေနဲ့ ရိုးရိုးမွေးတဲ့ကလေးတွေရဲ့ အူနေပိုးအမွား ကွာခြားမှုရှိတယ်။ အဲတာဟာ ခုခံမှုံနစ်ရဲ့ တိုင်းတာမှုဖြစ်တယ်။ ရေရှည်မှာ ဗိုက်ခွဲမွေးရတဲ့ကလေးတွေ ကြီးလာတဲ့အခါ ကျန်းမာရေးပြဿနာ ပိုများနိုင်တယ်။

လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပိုမွှားမျိုးစုံရှိတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်ဂိုင်လို့ခေါ်တာတွေ။ Microbiome လို့ ခေါ်တယ်။ လူတယောက်မှာရှိတဲ့ ဆဲလ်လေးတွေကိုရေတွက်မယ်ဆိုရင် လူသားဆဲလ်က ၄၃% သာရှိပြီး ကျန်တာက ပိုးမွှားတွေ။ အဲဒါနဲ့ အလာဂျီ၊ အဝလွန်ခြင်း၊ အူမကြီးရောင်ခြင်း၊ ပါကင်ဆိုနဇင်ရောဂါတွေနဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် ကင်ဆာဆေးပေးရတဲ့အခါ ထိရောက်မှုနဲ့ပါဆိုင်တယ်။ စိတ်ကျရောဂါနဲ့ မွေးရာပါ အော်တဇင်ရောဂါတွေနဲ့ပါဆိုင်တယ်။

ကလေးပေါင်း ၆၀၀ နီးပါးကိုလေ့လာခဲ့ပါတယ်။ ခွဲမွေးရတဲ့ကလေးတွေကိုယ်ထဲမှာ ဆေရုံတွေကနေရတဲ့ Klebsiella နဲ့ Pseudomonas ပိုးတွေ ပိုပါနေကြတာတွေ့ရတယ်။ ရိုးရိုမွေးကလေးတွေမှာ မွေးလမ်းမှာနေကြတဲ့ပိုးအမျိုးအစားတွေ ပိုများတယ်။ Group B strep ဗက်တီးရီးယားဆိုရင် ရောဂါတွေရစေနိုင်တယ်။

လူ့ကိုယ်ထဲမှာ ပဌမဆုံးကိုလိုနီလာပြုကြတဲ့ပိုးမွှားတွေက အရေးကြီးတယ်။ ကောင်းစေတာတွေလား မကောင်းစေတာတွေလား။ သုတေသနတွေ ဆက်လုပ်မှ ပိုပြီးရှင်းရှင်းလင်းလင်းသိလာပါမယ်။ ကလေးတွေ မတူကြတာတော့ မှန်တယ်။

၁၂-၁-၂ဝ၁၆ နေ့ကလည်း ဆေးသုတေသနသင်းအရ ရေထားပါတယ်။ ကလေးမွေးဖွါးနည်းနဲ့ တိုက်ကျွေးတဲ့ အစားအသောက်ကနေ ရေရှည်ကျန်းမာရေးကိုသက်ရောက်စေနိုင်

အဲလိုဖြစ်စေတာဟာ Gut microbiome အစာလမ်းထဲမှာနေတဲ့ ပိုးမွှားတွေကြောင့်လို့ ယူဆပါတယ်။

ကလေးကိုဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာမျာ မတူကြပါ။ ဗိုက်ခွဲမွေးခဲ့တဲ့ကလေးတွေက ရေရှည်မှာ လူပိုဝကြတယ်။ ပန်းနာဖြစ်တာပိုတယ်။ (စီးလိယက်) ရောဂါ ပိုဖြစ်တယ်။ ဆီးချိုအမျိုးအစား (၁) ဖြစ်တာလည်း ပိုတာတွေ့ရတယ်။ မိခင်နို့တိုက်မွေးတဲ့ကလေးတွေမှာ ပန်းနာဖြစ်တာနည်းတယ်။ ဝတာလည်းတယ်။ ပိုးဝင်နည်းတယ်။ (မက်တာဘောလစ် ဆင်ဒရုမ်း) နည်းတယ်။ ဆီးချိုဖြစ်တာလည်းနည်းကြတယ်။

အဲလိုကွဲပြားဖြစ်စေတာဟာ မွေးလမ်းကြောင်းမှာ သဘာဝနေကြတဲ့ဗက်တီးရီးယားတွေကို တမျိုးတမည် သက်ရောက်လို့ ယူဆရပါတယ်။ ရှင်းရှင်းလင်းလင်းတော့ မပြောနိုင်ပါ။ ရိုးရိုးမွေးတာရော နို့တိုက်တာရောက ဗက်တီးရီးယားတွေအပေါ် သက်ရောက်စေတာကတော့ အမှန်ဖြစ်တယ်။

လေ့လာမှုမှာ ကလေးပေါင်း (၁ဝ၂) ယောက်ပါတယ်။ ခွဲမွေးတဲ့ကလေး (၃၂) ယောက်နဲ့ ရိုးရိုးမွေးကလေး (၇ဝ) ယောက် ဖြစ်ကြတယ်။ ကိုယ်ဝန် (၄ဝ) ပါတ်မှာမွေးခဲ့ကြတယ်။ ကလေးအသက် (၆) ပါတ်ရှိချိန်မှာ ကလေး (၇ဝ) က မိခင်နို့် တိုက်နေကြတယ်။ (၂၆) ယောက်က မိခင်နို့နဲ့ နို့မှုန့်ရောတိုက်တယ်။ (၆) ယောက်က နို့မှုံ့သာတိုက်တယ်။ ကလေးတွေရဲ့ Microbiome ဗက်တီးရီးယားအခြေအနေတွေ မတူကြတာသိလာရတယ်။ နို့မှုံ့နဲ့ မိခင်နို့ ရောတိုက်တဲ့ ကလေးတွေက တူကြတယ်။

ကွာခြားချက်သိသိသာသာရှိတာတော့ သိရတယ်။ ရေတိုနဲ့ ရေရှည်မှာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မလဲ ကိုတော့ ဆက်လေ့လာရမယ်။

More than half your body is not human လူတွေရဲ့ကိုယ်ခန္ဓာ တဝက်လောက်ဟာ မနုဿမဟုတ်ပါ https://doctortintswe.blogspot.com/2018/04/more-than-half-your-body-is-not-human.html

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး