Friday, February 21, 2020

ငယ်သော် လှ၏

၁။ ကိုရိုနာဗိုင်းရပ်စ်က လူကြီးတွေကိုသာ ရောဂါဆိုးစေတယ်။

၂။ ဒိုင်းမွန်းပရင့်ဆက်စ် အပျော်စီးသင်္ဘောကြီးပေါ်မှာ ခရီးသည် ၂၆၇၀ ယောက်နဲ့ သဘောင်္တာဝန်ထမ်းသူ ၁၁၀၀ ယောက် လိုက်ပါခဲ့တယ်။ အနည်းဆုံး ၆၂၁ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်။

၃။ တရုပ်ပြည်မှာ အနည်းဆုံး လူပေါင်း ၇၅၆၈၅ ယောက်ကူးစက်ခံထားရပြီး ၂၂၃၆ ယောက်သေဆုံးပြီ။

အသက် ကြီးချင်သလား။
အပျော်စီးသင်္ဘောကြီး စီးမလား။
ပြည်ကြီးငါး စားမလား။
ငယ်သော် လှ၏။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...