Meclizine မက်ကလဇင်းဆေး

မင်္ဂလာပါဆရာ သမီး အသက်က၂၅နှစ်ပါ သမီး မူးနေတာ ၁၀ လရှိပါပြီဆရာ သမီးဒုတိယ ကိုယ်ဝန် ၅လကတည်းက မူးတာပါ OGနဲ့ အထွေထွေက သိုင်းရွိုက်လည်းပင်းကျီးပေါင်း သွေးအားနည်းတွေ စစ် ခိုင်းပါတယ် အဖြေက အကုန် ကောင်းတယ်ပဲထွက်ပါတယ် မူးတာကမသက်သာတော့ သမီး စိုးရိမ်လာခဲ့တယ် ခေါင်းကို CT ရိုက်ဖို့ လုပ်ချင်နေမိတယ် ဒါပေ့မယ့် ကိုယ်ဝန်နဲ့မို့ ရိုက်မရတော့ ကလေးမွေးပြီးတဲ့အချိန် ထိမူးတဲ့ဒဏ်ကိုခံခဲ့ရတယ် ကလေးမွေးပြီး ၂ပတ်လောက်ကြာတော့ CT ကော MRI ပါရိုက်တယ် အဖြေကကောင်းတယ်တဲ့ဆရာ အဲ့ဒါနဲ့ ဦးဏှောက်နဲ့ အာရုံကြောဆရာမက ZIGO 0.8mg x-nex ပေးပါတယ် ကလေးမွေးရင်းနှလုံးအစို့ အနည်းငယ်ဟနေလို့ corbis ပါ သောက်ရပါတယ်ဆရာ အဲ့ဒါပဲစွဲသောက်လာခဲ့တယ်ဆရာ မူးတာသက်သာလိုက် ပြန်ဖြစ်လိုက်ပဲဖြစ်နေတယ် အခုဒီရက်ပိုင်းထဲ ဘယ်လိုမူးလဲဆိုတော့ဆရာ ထိုင်နေရင်း ခေါင်း အလှည့်အပြုတွေမှာရုတ်တရက်ဆိုသလို မျက်လုံးဝေဝါးပြီးမူးပါတယ် ပန်းကန်ဆေးတဲ့အခါ ခေါင်းငုံတဲ့အခါ လှေကားအဆင်းတွေဆို ရိပ်ခနဲမူးပါတယ်
အိပ်တဲ့အခါတွေဆိုလည်း ဘယ်ဘက်ကို လှည့်အိပ်ရင်မူးပါတယ် မတ်တပ်ရပ်ရင်လည်း ၅မိနစ်ထက် ပိုမရပ်နိုင်ဘူး မူးလာပြီး ယိုင်တော့မလိုလိုတွေ ခံစားရပါတယ် ထိုင်တဲ့အခါတွေဆိုလည်းအမှီမပါပဲမထိုင်နိုင်ပါဘူးဆရာ တံမြက်စည်းလှဲရင်လည်း အောက်ကိုငုံ့ကြည့်တာက ကြမ်းပြင်ကရွေ့သလို မြင်သလိုနိမိ့သလို့ မျိုးစုံ ခံစားရပါတယ် ဆရာ
ကျေးဇူးပြုပြီးသမီး ဘယ်အပိုင်းကို စစ်ဆေးရမလဲဆရာ

မေးခွန်းရှည်ကို ၂ ခါပို့တယ်။ ဆေးကို စမ်းသပ်ကုသပေးတဲ့ဆရာဝန်ညွှန်ရင် သောက်နိုင်။

Meclizine 25 mg ဆေး တနေ့ ၁-၂-၃ ကြိမ်သောက်နိုင်။ သက်သာလာရင် ၁-၂ ကြိမ်။ နောက် ရပ်ထားနိုင်။

Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html
BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html
Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html
PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html
Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/02/vertigo.html
PPPD ခေါင်းမူးရောဂါတမျိုး https://doctortintswe.blogspot.com/2017/05/pppd.html

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး