Coronavirus Misinformation အီရန်နဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ

အီရန်မှာလည်း မြန်မာပြည်လိုပဲ ကိုရိုနာဗိုင်းရပ် သတင်းမှားတွေ ဖြန့်နေကြတယ်။ လူလိမ်တွေပေါတဲ့ တိုင်းပြည်တွေ။

Covid-19 လူနာ ၃၈၈ ယောက်ရှိပြီး သေဆုံးသူ ၃၄ ယောက်ရှိပြီ။ တရုပ်ပြည်ပြီးရင် သေဆုံးမှု အများဆုံး။ ဘီဘီစီ ပါရှန် သတင်းထောက်အဆိုအရ သေဆုံးသူ ၂၁၀ ရှိနိုင်သတဲ့။ ဆောရီး။

အဲဒီနိုင်ငံမှာ စာအတုတွေ။ တာဝန်ရှိသူတွေကို မမှန်တဲ့ ပြစ်တင်မှုတွေ၊ ထင်ကြေးတွေ၊ အလွဲတွေဖြန့်နေကြတယ်။ ဆေးရုံသုံးပစ္စည်းတွေမှားသတဲ့။

ဆိုရှယ်မီဒီယားမှာ အတော်ကိုလွဲမှားတဲ့ ပို့စ်တွေကလည်း တင်ကြပါသတဲ့။ ကျန်းမာရေးဝန်ကြီး Saeed Namaki နာမာကီ နုတ်ထွက်စာတင်တယ်လို့ လိမ်ရေးတယ်။ ကျန်းမာရေးဝန်ကြီးက ကူးစက်သူတွေကို သီးခြားခွဲထားရန်မလိုလို့ပြောတဲ့  အသံဖိုင်အတုတွေလည်း လုပ်ကြတယ်။ လူaygif; တသန်းကူးစက်ခံရတာသေချာပြီး လူ ၁၄၀၀ သေတယ်လို့ ဝန်ကြီးအသံနဲ့ အတုလုပ်ကြတယ်။

အမျိုးသမီးနဲ့ မိသားစုရေးရာ ဒုတိယဥက္ကဋ္ဌ Masoumeh Ebtekar မက်ဆိုးမက် အီဘက်ကာ ကူးစက်ခံထားရတယ်လို့ ဆေးရုံကုတင်ပေါ်မှာ ပုံအတုနဲ့ လိမ်တယ်။ အဲဒီပုံအစစ်က ၂၀၁၄ တုန်းက ကားမတော်တဆဖြစ်စဉ်က။

ကာကွယ်နည်းအတုတွေ ကုသနည်းအတုတွေ လုပ်ကြတယ်။ Khabar Online ခါဘာ အွန်လိုင်းမီဒီယာကနေ ဗနီဂါ သောက်ပါ။ နှင်းဆီရေ သောက်ပါတဲ့။ ကုံကမံရည်သောက်နေပုံ၊ သစ်ကြံပိုးခေါက်ရည်သောက်နေပုံ၊ မန်ကျီးမှည့်ရည် သောက်နေပုံ၊ နနွင်းရည်သောက်နေပုံတွေ ပါတယ်။

နောက်တမျိုးက စွန်ပလွန်သီးစားပါတဲ့။ အီရန်-ဂျာမန် ဦးနှောက်နဲ့အာရုံကြောဆရာဝန် Majid Samii က ပြောတာတဲ့။

မင်းသမီး Behnoush Bakhtiari ဘခါတီက သူ့ အင်စတီဂရမ် ဖေါ်လိုဝါ ၁့၈ သန်းကို ဗီဒီယိုကနေ တိုင်းရင်းဆေးနည်း ညွှန်လို့ ပြစ်တင်ဝေဘန်ခံရတယ်။ အဲတော့မှ မင်းသမီးက သူပြောခဲ့တာကို လျောချသွားတယ်။

Ali Akbar Raefipour ရေဖီပူးဝါး တိုသူက အကြံအဖန်သီအိုရီတင်ပြတယ်။ hybrid warfare ဟိုက်ဘရစ်စစ်ဆင်ရေးတဲ့။ အမေရိကန်က အီရန်ကို တိုက်ခိုက်တာတဲ့။ ဇီဝစစ်ဆင်ရေးတဲ့။ အဲတာကို မြန်မာဘာသာပြန်တင်တာတွေ တွေ့ပါတယ်။

အီရန်ဆိုက်ဘာရဲအရာရှိ Vahid Majid ဗာဟစ်မဂျစ်အဆိုအရ ၂၄ ယောက်ကို ဖမ်းထားပါသတဲ့။ ကောလာဟလဖြန့်သူ ၁၁၈ ယောက်ကို သတိပေးထားပါသတဲ့။

အီရန်က သတင်းအတု အလိမ်အညာတွေ အားလုံး မြန်မာပြည်မှာရှိတယ်။ ကိုးကွယ်ရာဘာသာ မတူပါ။ လူတွေက မဟုတ်တာပြောရာမှာ တူကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး