အဲတာတွေအကုန် မှန်တယ်လို့ မထင်ပါ

မြန်မာနိုင်ငံမှာ COVID -19 ကူးစက်မှုဆိုးရွားစွာ မဖြစ်သေးတာက တချိန်တုန်းက လင်းနို့နဲ့ပတ်သက်ပြီးရောဂါခံစားခဲ့ကြရလို့လားမသိဘူးဆရာ သမိုင်းအတိအကျတော့ မသိပေမယ့် ကျနော်တို့အလယ်ပိုင်းမှာ လင်းနို့တွေအိမ်ထဲဝင်ရင် ပိုးချတယ်ဆိုပြီး မောင်းထုတ်ကြတာ လင်းနို့ကိုကြောက်လန့်ကြတာ အဲဒီအချက်က ရှေးလူကြီးတွေမှာ လင်းနို့နဲ့ပတ်သက်ပြီးရောဂါတွေများ ခံစားခဲ့ကြရလို့လားမသိဘူးဆရာ

မဟုတ်နိုင်။ မှားတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ပိုးအသစ်ဖြစ်တယ်။ ဆေးသုတေသနတွေ ပညာရှင်တွေအများကြီးက နေ့တိုင်း လုပ်နေကြတယ်။ ခိုင်မာတိကျတဲ့ သတင်းနဲ့ အချက်အလက်တွေကို ၄-၁-၂၀၂၀ နေ့ကတည်းက တင်နေပါတယ်။

တင်ထားကြတာ အတော်များများ၊ မေးကြတာ အတော်များမှား မှားတယ်။ တချို့က ရမ်းပြောတာ။ တချို့က အထင်နဲ့ ပြောတာ။ တချို့က လိမ်ပြောတာ။

အမျိုးအမည်တွေ များလှပြီ။ တခုစီကို မဖြေအားပါ။ ဟိုက်ပိုသီးဆစ် ခေါ် စာတပုဒ်လည်း ကနေ့တွေ့တယ်။ အဲတာလည်း အထင်နဲ့ ရေးထားတယ်။ အဲတာတွေအကုန် မှန်တယ်လို့ မထင်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး