ခိုးချခြင်း အနုပညာ

တယောက်က ပို့ပေးတယ်။ သက်နိုင်ထွန်း (M.Ed) ရေးထားတဲ့ စာရိတ္တတံခါးကိုလာခေါက်သော စာမေးပွဲများ တဲ့။ ပညာရေးနဲ့ဆိုင်လို့ ဖတ်ပါတယ်။ ဖေဖော်ဝါရီလကုန်၍ မတ်လထဲ ရောက်သည်နှင့် အခြေခံပညာစာမေးပွဲများနီးကပ်လာပြီ ဖြစ်သည် အစချီပြီး စာမေးပွဲတွေအကြောင်း ရေးထားတယ်။

တခြားလူတွေအတွက်တော့ အဆန်းဟုတ်မယ်မထင်။ ကျွန်တော်အံ့သြ စိတ်မောရတဲ့ စာမေးပွဲ ခိုးချခြင်း အနုပညာ။

ကျွန်တော်တို့ခေတ်နဲ့ ယှဉ်မရေးချင်ပါ။ ကြွားတာလို့ထင်သူနဲ့ ညံ့လိုက်တာလို့ မြင်သူလို့ နှစ်မျိုးရှိကြတယ်။ အမေရိကကို မလာခင် အိန္ဒိယမှာ ၂၄ နှစ်ကြာခဲ့တယ်ဆိုတော့ အထင်သေးတဲ့မျက်နှာတွေနဲ့ တချို့က ကြည့်ကြတယ်။

တင်ပြလိုတာက တမျိုး။ ဆိုရှယ်လစ်ခေတ်မှာ တိုင်းပြည်ကို တခါးပိတ်ထားလို့ အခြေခံလူသုံးကုန်မှန်သမျှ ရှားတယ်။ ၅ နှစ် စီမံကိန်းတခုပြီးတိုင်း ပိုပိုရှားလာတယ်။ မှောင်ခိုလုပ်ငန်း ဖြစ်လာတယ်။ စနစ်က သင်ပေးတာ။ တန်းစီတိုးစားလူတန်းစား ပေါ်လာတယ်။ စနစ်က သင်ပေးတာ။ လက်ဖက်ရည်ဖိုးယဉ်ကျေးမှု ပေါ်လာတယ်။ စနစ်ကသင်ပေးတာ။ အဂတိလိုက်စားမှ ထမင်းနပ်မှန်စားရမယ်။ စနစ်ကသင်ပေးတာ။ အနှစ် ၂၀ စီမံကိန်းအကုန်မှာ ကုန်းကောင်းစရာမရှိ။ စနစ်ကလုပ်ပေးတာ။

စစ်အစိုးရလက်ထက်မှာ ပညာရေး။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင် ပြီးရော။ စာမေးပွဲ အကျမရှိစေရ စသဖြင့်။ စာမေးပွဲ ခိုးချနည်းအစုံ ပေါ်လာတယ်။ အစိုးရက သင်ပေးတာ။ တတ်တာမတတ်တာ အရေးမကြီး၊ ဘွဲ့တွေ ရာထူးတွေ အလှူယပ်တောင်ကမ်းသလို ပေးသနားတယ်။ အစိုးရက သင်ပေးတာ။ စာမေးပွဲခိုးချခဲ့သူတချို့က ပါမောက္ခတွေ ဖြစ်လာကြတယ်။ မမှန်တာတွေ သင်ခိုင်း၊ စာမေးပွဲမှာ မှားတာတွေ မေးတယ်။ အစိုးရက သင်ပေးတာ။

မှန်ကန်သူတွေကိုတော့ ကန်တော့။

ပြည်ထဲအရေး ပေါက်နဲ့ကျေးစကား ဒီအရေးမှာ လွဲမှားတယ်။ ရွှေဝါရောင်စပါးခင်း ဠင်းတနားတာ သိသာတယ်။ ဠင်းတမျိုးဆက် မကုန်နိုင်တော့ပါ။ စနစ်တွေက မွေးထုတ်ထားတာ။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး