Tuesday, February 25, 2020

Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ် ၂၅-၂-၂၀၂၀ ညပိုင်း

စုစုပေါင်း ၈ သောင်းကျော် ကူးစက်ခံထားရပြီး ၂၇၀၀ ကျော်သေဆုံးပြီး။

အီရန် လက်ထောက်ကျန်းမာရေးဝန်ကြီး ကူးစက်ခံရ။

အီတလီမှာ ၃ ယောက်ထပ်မံသေဆုံး။ ၁၀ ယောက်ရှိသွားပြီ။ အားကစားပွဲတချို့ ပိတ်လိုက်ရ။

တောင်ကိုရီးယားမှာ လူ ၂ သိန်းကျော်ကို စမ်းသပ်စစ်ဆေးမယ်။ ခရစ်ယန်ဂိုဏ်းတခုကလူတွေဖြစ်။

ကိုရိုနာဗိုင်းရပ်စ် က ၂၀၀၃ ကဖြစ်ခဲ့တဲ့ ဆားစ် ထက် ဆိုး။ အဲဒီကူးစက်ရောဂါကြောင့် ၇၇၄ ယောက်သာ သေဆုံးခဲ့။

သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ ကွန်မင့်မှာ လာမတင်ပါရန်။

Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ် အဆက်
တောင်ကိုရီးယားမှာ ကူးစက်ခံရသူ ၉၇၇ ယောက်ရှိ။
အီရန်မှာ လက်ထောက်ကျန်းမာရေးဝန်ကြီးအပါအဝင် ၉၅ ယောက်ကူးစက်ခံထားရ။ သေဆုံးသူ ၁၅ ယောက်။
အယ်လ်ဂျီးရီးယားမှာ ပဌမဆုံးလူနာတွေ့ရှိ။ အီတလီလူမျိုးဖြစ်။
အီတလီမှာ ၃၂၂ ယောက်ကူးစက်၊ ၁၁ ယောက်သေဆုံးပြီး။
အီတလီမှာရိုက်မဲ့ တွမ်ခရုစ်ရဲ့ မစ်ရှင်အင်ပေါဇဘဲ ဇာတ်ကားသစ်ရိုက်ကူးမဲ့အစီအစဉ် ရပ်ဆိုင်းလိုက်ရ။
ဘာရိန်းမှာ လူနာသစ် ၆ ယောက်ထပ်တွေ့။ ၂၃ ယောက်ရှိပြီ။
အိုမန်မှာ ၂ ယောက်ထပ်တွေ့။
ထိုင်းမှာ လူနာသစ်တွေ့။ ပေါင်း ၃၇ ယောက်ရှိ။
ဆွစ်ဇာလန်မှာ ပဌမဆုံးလူနာတွေ့ရှိ။
စပိန်မှာ ပဌမဆုံးလူနာတွေ့။
သြစတြီးယားမှာ ပဌမဆုံးလူနာတွေ့။
ခရိုယေးရှားမှာ ပဌမဆုံးလူနာတွေ့။
ကိုရိုနာဗိုင်ရပ်စ်ကူးစက်ရောဂါဟာ အရာရာကိုပြန်လည်စဉ်းစားစရာဖြစ်တယ်။ အထူးသဖြင့် လက်ရှိထုတ်လုပ် ထောက်ပံ့နေတဲ့ ကျန်းမာရေးအသုံးအဆောင်တွေ ဆေးဝါးတွေရရှိနေမှုကို အသစ်ဖြစ်သင့်တယ်လို့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုလိုက်။ တရုပ်ပြည်အပေါ်မှီတည်နေရမှုကနေ ပြောင်းလဲသင့်တယ်လို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂၀၂၀
နေ့ ၁ နာရီ ၁၁ မိနစ်။
ည ၈ နာရီ ၂၆ မိနစ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

မုန်း

တင့်တင့်ပပ သင့်အလှကို ဗန်းပြဂုဏ်တင် တန်ဆာဆင်၍ အစဉ်အမြဲ ဘဝင်ထဲဝယ် လှိုက်လှဲငြိငြိ ကိုယ်ချစ်မိ၏။ ကြည်ကြည်မြမြ ရှုမဝသည့် ထွန်းပသစ်သစ် လှ...