Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

• တနင်္ဂနွေနေ့အထိ ကူးစက်ခံထားရသူပေါင်း ၇၀၅၄၈ ယောက်။ သေဆုံးသူ ၁၇၇၀ ယောက်။
• ကူးစက်ခံရသူတွေရဲ့ ၂၀% သာရောဂါဆိုးတယ်။
• တိုင်ဝမ်မှာ လူနာသစ် ၂ ယောက်တိုး။ ၂၂ ယောက်ရှိလာ။
• ထိုင်းမှာ လူနာတယောက်တိုးလာ၊ ၃၅ ယောက်ရှိသွားပြီ။
• တရုပ်ပြည်မှာ လူဦးရေ သန်း ၇၈၀ တို့ဟာ ခရီးသွားလာခွင့်ပိတ်ပင်ခံထားရ။
• အစောပိုင်းကတော့ တရုပ်ပြည်ကဆောင်ရွက်နေတာတွေကို ချီးကျူးခဲ့ပြီး အခုတော့ ပွင့်လင်းမှုနည်းတယ်လို့ WHO က ပြောဆိုလိုက်။
• WHO ကျွမ်းကျင်သူတွေ တရုပ်ပြည်သွားကြတယ်။ ဒါပေမဲ့ ရောဂါစတင်ဖြစ်ပွါးတဲ့ ဝူဟန်ကို မသွားတဲ့။
• တရုပ်က နိုင်ငံတကာ ပညာရှင်တွေ လာရောက်ကြဘို့ ဖိတ်ပေမဲ့ အမေရိကန် CDC က ဖိတ်ကြားချက် မရသေးပါတဲ့။
• ရှန်ဟဲဆရာဝန်တွေက ရောဂါပျောက်ကင်းလာသူတွေဆီက သွေးဖေါက်ယူပြီး လူနာသစ်တွေကို plasma therapy နည်းနဲ့ ကုသပေးနေ။
• မကာအို ကာစီနိုတွေ ပိတ်ထားရာက ပြန်ဖွင့်မယ်။
• တရုပ်ပြည်မှာ လုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေ လူအင်အား တဝက်နီးပါး နည်းနေ။
• ဟောင်ကောင်မှာ ဓါးကိုင်လူဆိုးတွေက ဟောင်ကောင်ဒေါ်လာ ၁၀၀၀ တန်ရေအိမ်သာသုံးစက္ကူလိပ်တွေ လုယူသွား။
• ဂျန်ဘုရင့်မွေးနေ့ အများနဲ့ဆိုင်တဲ့ပွဲလမ်းတွေ မလုပ်တော့။
• အပြေးသမားပေါင် ၃၈၀၀၀ ပါဝင်မဲ့ တိုကျို မာရသွန်ပွဲ မလုပ်တော့။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၂၀
ညနေ ၆ နာရီ ၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး