Pills Question တာဆေး အမေး

(ကန်တော့)

အဲဒီဆေးကဒ်သောက်တာ ပုံပါအတိုင်း မြှားပြောင်းပြန်သောက်မိပါတယ်ဆရာ ဆေးသောက်ပြီး ခြောက်ရက်နေ့မှာ ရာသီလာပါတယ် အဲဒီနေ့မြှားပြောင်းပြန်ဆေးသောက်မိသွားပါတယ်ဆရာ ကလေးမွေးထားတာရက် ၅၀ ကျော်ပဲ ရှိပါတယ်ဆရာ စိတ်ပူလို့ကျေးဇူးပြုပြီးဖြေပေးပါဆရာ

ခဏခဏဖြေတယ်။ တာဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်။ မြား (မျှား မဟုတ်၊ မြှား မဟုတ်) က မှတ်ရတာ လွယ်အောင်ပြထားတာ။ ၁-၂-၃ လည်း အဲလိုပဲ။ တနင်္ဂနွေ တနင်္လာလည်း အဲလိုပဲ။

တားဆေးပြောင်းပြန်သောက်ရင် ကလေးမရသေးသူ ရပါသလား မေးသူကလည်း ရှိသေးတာ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး